မုံရွာသတင်းထောက်အသတ်ခံရမှု ထပ်မံစစ်ဆေးနေသည့် သံသယရှိသူအား ပြန်လွှတ်

မုံရွာသတင်းထောက်အသတ်ခံရမှု ထပ်မံစစ်ဆေးနေသည့် သံသယရှိသူအား ပြန်လွှတ်

မုံရွာ၊ ဇန်နဝါရီ ၃၀။          ။ မုံရွာသတင်းထောက်အသတ်ခံရမှုအတွက် ထပ်မံဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူအား ဇန်နဝါရီ ၃၀ ရက်နေ့က ပြန်လွှတ်လိုက်ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က မဇ္ဈိမသို့ ပြောသည်။

ဇန်နဝါရီ ၂ ရက်နေ့မှစတင်ကာ ရမန်ယူ ဖမ်းဆီးစစ်ဆေးခဲ့သည့် သံသယရှိသူအား ချုပ်နှောင်ခွင့် ၄ပတ်(၂၈ ရက်)ကြာ စစ်ဆေးခဲ့ပြီး ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။

"ကျင့် ၁၆၉ နဲ့ပြန်လွှတ်လိုက်ပါတယ်။ နောက်ထပ်ကတော့ စုံစမ်းဆဲပါ"ဟု မဇ္ဈိမသို့ ပြောသည်။

မုံရွာသတင်းထောက်ကိုစိုးမိုးထွန်း အသတ်ခံရမှုအတွက် သံသယရှိသူနှစ်ဦးအား ဒီဇင်ဘာ ၁၉ ရက်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် နောက်တစ်ဦးအား ထပ်မံဖမ်းဆီးစစ်ဆေးခဲ့ခြင်းသည်။

ဒီဇင်ဘာ ၁၉ ရက်က ဖမ်းဆီးစစ်ဆေးခဲ့သူ နှစ်ဦးအား ဇန်နဝါရီ ၁၆ ရက်က ပြန်လွှတ်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့သူ နောက်တစ်ဦးအား ယနေ့ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly