မူးယစ်စစ်ပွဲအတွင်း အကျင့်ပျက်ခြစားခဲ့သော ရဲများအား ဒူတာတေးဖယ်ရှားပစ်မည်

မူးယစ်စစ်ပွဲအတွင်း အကျင့်ပျက်ခြစားခဲ့သော ရဲများအား ဒူတာတေးဖယ်ရှားပစ်မည်

ဇန်နဝါရီ ၃၀ ။             ။ ယနေ့တနင်္လာနေ့၌ဖိလစ်ပိုင်သမ္မတဒူတာတေးက သူ၏ မူးယစ်စစ်ပွဲအားဆင်နွှဲနေသော ရဲတပ်သားများ၏ အကျင့်ပျက်ခြစားမှုလုပ်ရပ်များသည်ပျံနှံ့နေကြောင်းဝန်ခံခဲ့သော်လည်း ထိရောက်စွာဖြိုခွင်းသွားရန် အတွက် မူးယစ်စစ်ပွဲကာလကို သူ၏ သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၂၂ခုနှစ် အထိတိုးမြှင့်ခဲ့သည်။

ရဲအရာရှိများ ကိုယ်တိုင်လူသတ်မှုကျူးလွန်ခြင်းများ၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများနှင့် မူးယစ်စစ်ပွဲကိုအကြောင်းပြ ခုတုံးလုပ်ကာ ဓားပြတိုက်မှုများကျူးလွန်နေခြင်းစသည့် ဟိုးလေးတကျော်ကိစ္စများ တစ်သီတစ်တန်းကြီးဖြစ်ပွားခဲ့ ပြီးနောက်တွင် မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့များအား ရာထူးခေတ္တချထားခြင်း အပါအဝင် ရဲတပ်ဖွဲ့အတွင်းရှင်းလင်း ရေးများကိုပြုလုပ်သွားမည့် အစီအစဉ်အား ဒူတာတေးကကြေညာခဲ့သည်။

“မင်းတို့ရဲတွေဟာအကျင့်ပျက်ခြစားမှုအများဆုံးလုပ်တဲ့သူတွေဖြစ်တယ်။ မင်းတို့ဟာအတွင်းထဲကနေလာဘ်စား နေတဲ့သူတွေပဲ။ ဒါဟာမင်းတို့ရဲ့စနစ်ထဲမှာကိုဖြစ်နေတာ” ဟု ဒူတာတေးက   တောင်ကိုရီးယားစီးပွားရေးသမား တစ်ဦးကိုသတ်ဖြတ်မှုတွင်စီစဉ်ညွှန်ကြားခဲ့သည်ဟုစွပ်စွဲခံထားရသူ ရဲအရာရှိအားဆူပူကြိမ်းမောင်းခဲ့သည်။

ဒါ့အပြင်ဒူတာတေးက ရဲတပ်ဖွဲ့၏ ၄၀ရာခိုင်နှုန်းနီးပါးလောက်သည် တရားမဝင်ကိစ္စများတွင်ပါဝင်ပက်သက်နေ သည်ဟု ပြောခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly