ကွေဘတ်ခ်မြို့ရှိ ဗလီတစ်ခုအတွင်းပစ်ခတ်မှုအား အကြမ်းဖက်တိုက်ခိုက်မှုဟု ကနေဒါ၀န်ကြီးချုပ် အမည်တပ်

ကွေဘတ်ခ်မြို့ရှိ ဗလီတစ်ခုအတွင်းပစ်ခတ်မှုအား အကြမ်းဖက်တိုက်ခိုက်မှုဟု ကနေဒါ၀န်ကြီးချုပ် အမည်တပ်

ဇန်နဝါရီ ၃၀ ။            ။ ယနေ့ တနင်္လာနေ့တွင် ကနေဒါနိုင်ငံ ကွေဘတ်ခ်ပြည်နယ်ရှိ ကွေဘတ်ခ်မြို့မှ ဗလီတစ်ခုအတွင်းသို့ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် လူ၆ဦး သေဆုံးခဲ့ကာ ၈ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်တွင် အဆိုပါ လုပ်ရပ်အား ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒိုက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ဟု ပြစ်တင်ေ၀ ဖန်ခဲ့သည်။

ရဲဌာနမှပြောရေးဆိုခွင့်ရှိသောအမျိုးသမီးဖြစ်သူ ခရစ္စတင်းခူလွန်ဘ် က သတင်းထောက်များအား အဆိုပါ တိုက်ခိုက်မှုမှသံသယရှိရသူ ၂ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်အား ရဲများကအကြမ်းဖက် တိုက်ခိုက်မှုတစ်ခုအဖြစ် သဘောထားကြောင်း ပြောခဲ့သည်။

ဝန်ကြီးချုပ်ထရူဒိုက ကြေညာချက်တစ်ခုတွင် “မွတ်စလင်များဝတ်ပြုရာနှင့် ခိုလှုံရာ အရိပ်အမြုံတစ်ခုတွင်ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအား ကျနော်တို့ ဝေဖန်ရှုံ့ချချင်ပါတယ်။ ကနေဒါနိုင်ငံသား မွတ်စလင်လူ မျိုးတွေဟာ ကျနော်တို့နိုင်ငံအဖွဲ့အစည်းရဲ့ အရေးပါသော အပိုင်းမှာ ပါဝင်ကြပါတယ်။ ပြီးတော့ အခုလို အသိတရားမဲ့တဲ့ လုပ်ရပ်မျိုးအတွက် ကျနော်တို့အဝန်းအဝိုင်း၊ မြို့ရွာနဲ့နိုင်ငံအတွင်းမှာ နေရာ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ဒေသတွင်းရုပ်မြင်သံကြားနှင့် အင်တာဗျူးအတွင်း မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ မျက်နှာဖုံးစွပ်ထားသော သေနတ်သမား ၂ ဦးသည် ယဉ်ကျေးမှုစင်တာအတွင်းသို့ ပြီးခဲ့သော တနင်္ဂနွေနေ့ ညနေ ၇:၁၅နာရီ၌ ဝင်ရောက် သွားခဲ့ကြောင်း ပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှု၏ ရည်ရွယ်ချက်အား ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။ ရဲများသည်အခင်းဖြစ်ပွားရာ ဗလီဝန်းကျင်သို့ ချက်ချင်းဆိုသလို   ရောက်ရှိလာခဲ့ကြောင်းသိရသည်။ ပြောရေးဆို ခွင့်ရှိသူအမျိုးသမီး ခူလွန်ဘ်က သေဆုံးသွားသူများသည် အသက် ၃၅နှစ်မှ ၇၀အတွင်းရှိကြောင်းပြောခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly