ရှဝိန်းစတိုင်ဂါ မန်ယူတွင် ဆက်ရှိနေမည်ဟု နည်းပြမော်ရင်ဟို အတည်ပြု

ရှဝိန်းစတိုင်ဂါ မန်ယူတွင် ဆက်ရှိနေမည်ဟု နည်းပြမော်ရင်ဟို အတည်ပြု

ဇန်နဝါရီ ၃၀၊ အင်္ဂလန် ။            ။ ဝီဂန်အသင်းနှင့်ကစားခဲ့သည့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါမှာ မန်ယူအသင်းတွင် ရာသီကုန်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက အတည်ပြုသည်။

မန်ယူအသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ထိုပွဲစဉ်တွင် ရှဝိန်းစတိုင်ဂါသည် ယခုနှစ်ရာသီအတွက် သုံးပွဲမြောက်ပါဝင်ကစားကာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သလို ဖယ်လိုင်နီ၏ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

ယခင်က မန်ယူတွင် အနာဂတ်မသေမချာဖြစ်နေသည့် ရှဝိန်းစတိုင်ဂါနှင့်ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ ယခုကဲ့သို့ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက မန်ယူအသင်း၏ ယူရိုပါလိဂ်လူစာရင်းတွင်လည်း ရှဝိန်းစတိုင်ဂါကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

'ရှဝိန်းစတိုင်ဂါအသင်းမှာ ဆက်ရှိနေမှာပါ။ ပြီးတော့ ယူရိုပါလိဂ်လူစာရင်းမှာလည်း သူ့ကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ဒီပေးနဲ့ရှနိုက်ဒါလင်တို့ အသင်းက ထွက်ခွာသွားလို့ နေရာတွေလွတ်နေပါတယ်။ အသင်းမှာ ကစားသမားအများကြီးမရှိသလို ကွင်းလယ်မှာလည်း ရွေးချယ်စရာ ကစားသမား များများစားစား မရှိပါဘူး' ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly