ယီမင်အနောက်ပိုင်း တိုက်ပွဲများပြင်းထန်၍ ၂၄ နာရီအတွင်း တစ်ရာနီးပါး သေဆုံး

ယီမင်အနောက်ပိုင်း တိုက်ပွဲများပြင်းထန်၍ ၂၄ နာရီအတွင်း တစ်ရာနီးပါး သေဆုံး

အေဒင်၊ ဇန်နဝါရီ ၃၀ ။              ။ ယီမင်နိုင်ငံ အနောက်ပိုင်းတွင် အစိုးရတပ်နှင့် ရှီးယိုက်သူပုန်များကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားနေရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တိုက်ခိုက်ရေးသမား ၁၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၉ ရက်၌ ပြောသည်။

သူပုန်ထိန်းချုပ်ရာ ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒိုင်ဒါမြို့ရှိ ဆေးရုံသို့ ဟူသီသူပုန် ရုပ်အလောင်း အနည်းဆုံး ၉၀ ရောက်ရှိကာ တောင်ပိုင်အေဒင်ဆိပ်ကမ်းမြို့သို့ အစိုးရတပ်ဖွဲ့ဝင် ၁၉ ၏ ရုပ်အလောင်း ၁၉ လောင်း ရောက်ရှိကြောင်း ကျန်းမာရေးနှင့် စစ်သတင်းရင်းမြစ်များက ဆိုသည်။

အီရန်ကျောထောက်နောက်ခံပြုနေသည် ဟူသီသူပုန်နှင့် မဟာမိတ်တပ်များကို အစိုးရသစ္စာခံတပ်များ၏ ထိုးစစ်ကြီးများက နှစ်စမှ စကာ စတင်ဖြစ်ပွားပြီး ပင်လယ်နီဆိပ်ကမ်းမြို့ မိုခါမြို့ဝန်းကျင်တွင် နှစ်ဖက်ပြင်းထန်စွာ တိုက်ပွဲများ ဖြစ်ပွားသည်။

သူပုန်များဖက်က အခိုင်အမာခုခံနေလင့်ကစား မိုခါဆိပ်ကမ်းကို ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်များ၏ စစ်ကူအားဖြင့် အစိုးရသစ္စာခံတပ်များက သိမ်းပိုက်နိုင်ပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် မြို့တွင်းသို့ ထိုးစစ်ချီလျက်ရှိသည်။

ဇန်နဝါရီ ၂၉ ရက်တွင် မြို့တွင်း တိုက်ပွဲများ ပြင်းထန်ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုခါမြို့နှင့် ဟိုဒိုင်ဒါမြို့ကြား လမ်းတစ်လျှောက် သူပုန်အထောက်အကူများကို ညွန့်ပေါင်းတပ်များက လေကြောင်းက တိုက်ခိုက်စစ်ကူနေကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ဟူသီသူပုန်များသည် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလက်ရှ်ကို သစ္စာခံသော တပ်များ၏ စစ်ကူမှုဖြင့် ၂၀၁၄ စက်တင်ဘာတွင် မြို့တော်ဆာနားနှင့် အခြားဒေသများတွင် တိုက်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် မိုခါမြို့အား သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီညွန့်ပေါင်းတပ်များ၏ ကျောထောက်နောက်ခံရှိသော သမ္မတ အဘီဒရာဘိုမန်ဆောဟာဒီ၏ တပ်များက ဇန်နဝါရီ ၇ ရက်တွင် မိုခါမြို့သိမ်းရေး ထိုးစစ်ကြီး ဆင်နွှဲပြီး မဟာဗျူဟာအရေးပါသော ကမ်းခြေပိုင်းကို ပြန်လည်သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly