ဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့့် ပိတ်ပင်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများစွာဖြစ်

ဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့့် ပိတ်ပင်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများစွာဖြစ်

ဝါရှင်တန်၊ ဇန်နဝါရီ ၃၀ ။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့် ပိတ်ပင်သည့် အမိန့်နှင့် ပတ်သက်ကာ နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားသည်။

ဝါရှင်တန်ရှိ ဒူလက်စ်နိုင်ငံတကာလေဆိပ်အပြင်ဖက်တွင် ရှေ့နေများစွာ အပါအဝင် ထောင်ပေါင်းများစွာက အော်ဟစ်ဆန္ဒပြကြသည်။

ထိုသို့သော ဆန္ဒပြမှုများက အိမ်ဖြူတော်အပြင်ဖက်က ဆန္ဒပြပွဲအပါအဝင် အမေရိကန်တစ်ဝန်းဖြစ်ပွားသည်။ အိမ်ဖြူတော်ရှေ့ ဆန္ဒပြမှုတွင်လည်း အင်အား သုံးလေးထောင်ထက်မနည်းရှိသည်။

နယူးယောက်မြို့က ဆန္ဒပြပွဲအပါအဝင် လေဆိပ်တစ်ချို့၏ အပြင်ဖက်တို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအား အစွန်းရောက်များ ရန်မှ ကာကွယ်လုံခြုံရေးအတွက် ဒုက္ခသည် ဝင်ရောက်မှုကို ဆိုင်းငံ့ပိတ်ပင်ကာ မွတ်စလင်နိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားများအား ကန့်သတ်ထိန်းချုပပ်သည့် အမိန့်တစ်ရပ်ကို ဇန်နဝါရီ ၂၇ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအမိန့်အရ နိုင်ငံအတွင်း ဒုက္ခသည်များ ကယ်ဆယ်နေရာချထားရေးအစီအစဉ်ကို အနည်းဆုံး ရက်ပေါင်း ၁၂၀ အထိ ဆိုင်းငံ့ပြီး တင်းကြပ်စိစစ်သည့် နည်းလမ်းများ ချမှတ်သွားမည်ဖြစ်သည်။ ထိုအတူ ဆီးရီးယားဒုက္ခသည်များ ဝင်ရောက်မှုကို အကန့်အသတ်မရှိ ပိတ်ပင်သွားမည်လည်း ဖြစ်သည်။

မွတ်စလင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သော အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့က လာရောက်လည်ပတ်သူ၊ ရွှေ့ပြောင်းဝင်ရောက်သူများကို ရက် ၉၀ အတွင်း ဗီဇာထုတ်ပေးမည် မဟုတ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly