ဆော်ဒီအာရေဗျ၊ ယူအေအီး၊နှင့်တောင်ကိုရီးယားမှ ခေါင်းဆောင်များနှင့် ထရမ့်ဖုန်းပြောရန်စီစဉ်

ဆော်ဒီအာရေဗျ၊ ယူအေအီး၊နှင့်တောင်ကိုရီးယားမှ ခေါင်းဆောင်များနှင့် ထရမ့်ဖုန်းပြောရန်စီစဉ်

ဇန်နဝါရီ ၂၉ ။                    ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မွတ်စလင်အများစု နေထိုင်ရာနိုင်ငံမှသူများအား လာရောက်လည်ပတ် ခွင့်ပိတ်ပင်လိုက်သည့် အုတ်အော်သောင်းတင်းဖြစ်သွားသော သူ၏ကြေညာချက် အပြီးတွင် ဆော်ဒီအာရေဗျနှင့် ယူအေအီး(အာရပ်စော်ဘွားများ ပြည်ထောင်စု)တို့မှ ခေါင်းဆောင်များနှင့်အတူ ယနေ့ တနင်္ဂနွေနေ့တွင် ဖုန်းပြောဆိုသွားမည်ဖြစ်သည်။

ဒါ့အပြင်ထရမ့်သည် တောင်ကိုရီးယားသမ္မတရာထူးအားခတ္တတာဝန်ယူထားသည့် မစ္စတာဟွမ်ကျိုအမ်းနှင့်လည်း ဖုန်းဆက်သွယ်ပြောဆိုသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ပထမဦးဆုံးအနေဖြင့်ဆော်ဒီအာရေဗျဘုရင်မင်းမြတ်ဆယ်လ်မန်နှင့်အတူ တနင်္ဂနွေနေ့ နေ့လည်ခင်းတွင်ဖုန်းဆက်သွယ်ပြောဆိုသွားမည်ဖြစ်ပြီး ထို့နောက် ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင် စု) မှ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဇာရဒ်အယ်လ်နာရန် နှင့်အတူ ဖုန်းပြောဆိုမည်ဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့က ဒေါ်နယ်ထရမ့်အမိန့် ထုတ်ပြန်ခဲ့သည့် မူစလင်အများစု နေထိုင်ရာတိုင်းပြည်မှ သူများအား လာရောက်လည်ပတ်ခွင့် ဗီဇာလျှောက်ထားမှု ပိတ်ပင်ခြင်းခံရသော နိုင်ငံများထဲတွင် အီရန်၊အီရတ်၊ လစ်ဗျား၊ဆိုမာလီယာ၊ ဆူဒန်၊ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့သာ ပါဝင်ပြီး ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံများ မပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly