မလေးရှားနိုင်ငံတွင် တရုတ်ခရီးသွားဧည့်သည် ၂၈ဦးပါ၀င်သော လှေတစ်စီးပျောက်ဆုံး

မလေးရှားနိုင်ငံတွင် တရုတ်ခရီးသွားဧည့်သည် ၂၈ဦးပါ၀င်သော လှေတစ်စီးပျောက်ဆုံး

ဇန်နဝါရီ ၂၉ ။                   ။ တရုတ်ခရီးသွားဧည့်သည် ၂၈ဦး အပါအဝင် လူပေါင်း၃၁ဦးကို တင်ဆောင်လာခဲ့သော လှေတစ်စီးသည် ဘော်နီရို ရေပြင်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း မလေးရှားရေကြောင်းသွားလာရေး အေဂျင်စီမှ အရာရှိတစ်ဦးက ယနေ့ တနင်္ဂနွေနေ့၌ ပြောခဲ့သည်။

“ပျောက်ဆုံးသွားတဲ့ လှေရဲ့ပိုင်ရှင်ဖြစ်သူက သူ၏လှေပျောက်ဆုံးနေကြောင်းကို စနေနေ့ညနေပိုင်းမှာ သတင်းပို့ခဲ့ ပြီးနောက် ကျနော်တို့ဟာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါတယ်” ဟု အဆိုပါ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ခရီးသွားဧည့်သည်များအပြင် လှေသူကြီးနှင့်အမှုထမ်း၂ဦး လိုက်ပါလာခဲ့သော အဆိုပါလှေသည် ပြီးခဲ့သော စနေနေ့ မနက်ပိုင်း၌ ရွက်လွှင့်ထွက်ခွာခဲ့ပြီး ရေသီဥတုအခြေအနေဟာ ထိုနေ့က ဆိုးရွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ က ထပ်လောင်းပြောကြားခဲ့သည်။

ထိုခရီးသွားများသည် အရှေ့ပိုင်း ဆာဘာပြည်နယ်မြို့တော်ဖြစ်သည့် ကိုတာကီနာဘာလူမြို့၏ အနောက်ဘက် ကီလိုမီတာ ၆၀အကွာတွင် ရှိသော ကျွန်းတစ်ကျွန်းသို့ ဦးတည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags