ကစားသမားဘဝမှ အနားယူပါက နည်းပြတစ်ဦးဖြစ်လိုဟု ရွန်နီပြော

ကစားသမားဘဝမှ အနားယူပါက နည်းပြတစ်ဦးဖြစ်လိုဟု ရွန်နီပြော
 

ဇန်နဝါရီ ၂၉၊ မန်ချက်စတာ ။            ။ မန်ယူအသင်း၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမားရွန်နီက ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူပါက နည်းပြတစ်ဦး ဖြစ်လိုကြောင်း ပြောဆိုခဲ့သည်။

ရွန်နီက ၎င်းအနေဖြင့် နည်းပြဖြစ်လိုခြင်းမှာ ငွေကြေးကြောင့် မဟုတ်ဘဲ အောင်မြင်မှုများကို ရရှိလိုခြင်းကြောင်းသာ ဖြစ်သည်ဟုလည်း ဆက်လက်ပြောဆိုခဲ့သည်။

"ကျွန်တော်တို့ မျိုးဆက်မှ ကစားသမားတွေဟာ ငွေကြေးအလုံအလောက် ရပါတယ်။ ကစားသမားဘဝက အနားယူသွားရင် အေးဆေးနေလို့ရအောင်ကို လုံလောက်တာပါ။

ကျွန်တော် နည်းပြဖြစ်ချင်တာက ငွေကြေးကိစ္စကြောင့် မဟုတ်ဘူး။ အောင်မြင်မှုတွေ လိုချင်လို့ပါ။ ကျွန်တော်က ဘဝတစ်လျှောက်လုံး ဘောလုံးနဲ့ နေလာတဲ့ ကောင်ပါ။

ဒီတော့ ဘောလုံးကလွဲပြီး ကျွန်တော့်မှာ တခြားလုပ်စရာလည်း မရှိဘူးလေ။ ကစားသမားဘဝက နားရင် နည်းပြအဖြစ်နဲ့ ဘောလုံးလောကမှ ကျင်လည်ပြီး အောင်မြင်မှုတွေ ရယူချင်ပါတယ်" ဟု ရွန်နီက ဆိုခဲ့သည်။

ရည်ညွှန်း - ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly