ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအား ဗြိတိန်ဝန်ကြီး ချုပ်သရီစာမေ သဘောမတူ

ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအား ဗြိတိန်ဝန်ကြီး ချုပ်သရီစာမေ သဘောမတူ

ဇန်နဝါရီ ၂၉ ။                ။ ဗြိတိန်ဝန်ကြီးချုပ်သရီစာမေက အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ချမှတ်သည့် လူဝင်မှုကြီးကြပ်ရေးအား ကန့် သတ်သည့်မူဝါဒအား သဘောမတူဘဲ ဗြိတိန်နိုင်ငံသားများအပေါ် ထိခိုက်လာပါက ကြားဝင်စွက်ဖက်သွားမည် ဖြစ်ကြောင်း ယနေ့ တနင်္ဂနွေနေ့တွင် ဗြိတိန်အစိုးရအဖွဲ့မှ ပြောခဲ့သည်။

“အမေရိကန်ပြည်ထောင်စု၏လူဝင်မှုကြီးကြပ်ရေးမူဝါဒသည် အမေရိကန်ပြည်ထောင်စုအစိုးရ၏ကိစ္စသာဖြစ်ပြီး ကျနော်တို့နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒကိုလည်း ကျနော်တို့ရဲ့အစိုးရအဖွဲ့ကသာလျှင် ချမှတ်သင့်ပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

“သို့သော်လည်း ကျနေ်ာတို့ဟာ ဒီလိုချဉ်းကပ်လာမှု ပုံစံမျိုးကို သဘောတူသွားမှာ မဟုတ်သလို ဒါဟာကျနော်တို့ လက်ခံထားတဲ့အရာတစ်ခု မဟုတ်ပါဘူး။

အကယ်၍ကျနော်တို့ ဗြိတိန်နိုင်ငံသားများအပေါ် ထိခိုက်လာတာနဲ့ ကျနော်တို့ဒီကိစ္စအတွက် အမေရိကန်အစိုးရထံသို့ ကိုယ်စားလှယ်များ စေလွှတ်သွားမှာဖြစ်ပါတယ်”ဟု ဆက်ပြောခဲ့သည်။

ပြီးခဲ့သော စနေနေ့တွင် သရီစာမေက ဒုက္ခသည်များဝင်ရောက်လာခြင်းကို ဆိုင်းငံ့သွားမည့် ထရမ့်၏အမိန့်အား ဝေဖန်မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်လူဝင်မှုကြီးကြပ်ရေး မူဝါဒအတွက် ၎င်းတို့မှာသာ တာဝန်ရှိပါတယ်ဟု ပြောခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ ဒုက္ခသည်များအပေါ် ချမှတ်ထားတဲ့ သူတို့ရဲ့မူဝါဒအတွက် တာဝန်ရှိသလို ဗြိတိန်ဟာလည်း ဒုက္ခသည်တွေအပေါ် ချမှတ်ထားတဲ့   ဗြိတိန်ရဲ့မူဝါဒအတွက်ပဲ တာဝန်ရှိပါတယ်”ဟု တူရကီနိုင်ငံအန်ကာရာ သို့ခရီးသွားစဉ် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly