ပွဲစဉ်တစ်ပွဲအတွင်း ဘောလုံးထိချက်အများဆုံး ဂိုးသမားအဖြစ် ဘာစီလိုနာသမိုင်းတွင် ဆီလက်ဆန် မှတ်တမ်းဝင်

ပွဲစဉ်တစ်ပွဲအတွင်း ဘောလုံးထိချက်အများဆုံး ဂိုးသမားအဖြစ် ဘာစီလိုနာသမိုင်းတွင် ဆီလက်ဆန် မှတ်တမ်းဝင်
 

ဇန်နဝါရီ ၂၉၊ စပိန် ။                     ။ ဘာစီလိုနာ၏ ဒုတိယဦးစားပေး ဂိုးသမားဂျက်စပါဆီလက်ဆန်သည် ဆိုစီဒက်အသင်းအား (၅-၂)ဂိုးဖြင့် အနိုင်ရခဲ့သော ကိုပါဒယ်ရေးကွာတား ဖိုင်နယ် ဒု-ကျော့ပွဲစဉ် ပြီးနောက်  အသင်းသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲအတွင်း ဘောလုံးထိချက်အများဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ဂိုးသမားဆီလက်ဆန်သည် စုစုပေါင်းဘောလုံးထိ ချက်(၄၉)ကြိမ်အထိ ရှိခဲ့ပြီး အသင်းဖော် နာမည်ကျော်ကစားသမားများ ဖြစ်ကြသော ဆွာရက်ဇ်၊ မက်ဆီ၊ အာဒါတူရန်တို့ထက်ပင် ယင်းပွဲတွင် ဘောလုံးထိချက် သာလွန်ခဲ့သည်။

ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက်တွင် ယင်းကဲ့သို့ ပွဲစဉ်တစ်ပွဲအတွင်း ဘောလုံးထိချက်အများဆုံး ကစားသမားများမှာ တိုက်စစ်ကစားသမားများနှင့် ကွင်းလယ်ကစားသမားများသာဖြစ်ကြပြီး ယင်းကဲ့သို့ ဂိုးသမားတစ်ဦးအနေဖြင့် ထိချက်အများဆုံးဖြစ်ခဲ့ခြင်းကို ပရိသတ်များက အံ့အားသင့်နေကြသည်။

ရည်ညွှန်း - မာကာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly