IS ဆန့်ကျင်ရေး နည်းဗျူဟာအသစ် ချမှတ်ရန် ဗိုလ်ချုပ်ကြီးများအား ရက်၃၀ခန့် အချိန်ပေးသည့် ထရမ့်

IS ဆန့်ကျင်ရေး နည်းဗျူဟာအသစ် ချမှတ်ရန် ဗိုလ်ချုပ်ကြီးများအား ရက်၃၀ခန့် အချိန်ပေးသည့် ထရမ့်

ဇန်နဝါရီ ၂၉ ။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သော စနေနေ့က အမေရိကန်စစ်တပ်အား အစ္စလာမ်အစွန်းရောက် အဖွဲ့ IS တို့အားချေမှုန်းရေးအတွက် အစီအမံများ ဖန်တီးရန် ရက် ၃၀ခန့် အချိန်ပေးခဲ့သည်။

ထရမ့်က ဘားရက်အိုဘားမားလက်ထက်တွင် အဆိုပါ အစွန်းရောက်အဖွဲ့များအပေါ်၌ ဆန့်ကျင်တိုက်ခိုက်ခြင်း အစီအမံမှာ တုံ့ဆိုင်းအားနည်းလွန်းကြောင်း လှောင်ပြောင်ဝေဖန်ခဲ့ပြီး ယခုအတည်ပြုလိုက်သည့် အမိန့်သည် ထရမ့်ကိုယ်တိုင် ရွေးကောက်ပွဲကာလတုန်းက အာမခံ ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။

“ISIS တို့အား ချေမှုန်းရေးအတွက် ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟာနှင့်အစီအမံ” ဟု အမည်ရသော အဆိုပါ ပြဌာန်းချက်အရ အီရတ်နှင့်ဆီးရီးယားနိုင်ငံတို့၌ အမေရိကန်တပ်ဖွဲ့များနှင့် အကြီးစားစစ်လက်နက်များကို မြင်တွေ့ရတော့မည်ဖြစ်သည်။

ရုရှားအစိုးရအဖွဲ့၏ အဆိုအရ ဒေါ်နယ်ထရမ့်နှင့်ရုရှားသမ္မတပူတင်တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုထဲ၌ ဆီးရီးယားရှိ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ IS တို့အား ချေမှုန်းရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags