တောင်အာဖရိကတွင် ခြင်္သေ့များ အဆိပ်မိကာ သေဆုံးနေ၍ ရဲက စုံစမ်းထောက်လှမ်းနေ

တောင်အာဖရိကတွင် ခြင်္သေ့များ အဆိပ်မိကာ သေဆုံးနေ၍ ရဲက စုံစမ်းထောက်လှမ်းနေ

ကိုလ်တောင်း၊ ဇန်နဝါရီ ၂၉ ။            ။ တောင်အာဖရိကနိုင်ငံ လမ်ပိုပိုမြောက်ပိုင်းပြည်နယ်တွင် ပြီးခဲ့သည့်လများအတွင်း ခြင်္သေ့များ အဆိပ်မိလျက် ခေါင်းဖြတ်သေဆုံးသည်ကို
တွေ့ရပြီးနောက် စုံစမ်းထောက်လှမ်းရေး လုပ်ဆောင်နေကြောင်း ရဲဌာနက ဇန်နဝါရီ၂၈ ရက်တွင် ပြောသည်။

နောက်ဆုံး ခြင်္သေ့အသေကောင် တွေ့ရှိမှုအဖြစ် ဇန်နဝါရီ ၂၇ ရက်က ခြင်္သေ့သုံးကောင်သေဆုံးလျက်ရှိသည်ကို တွေ့ရပြီး နှစ်ကောင်မှာ ခေါင်းနှင့် ခြေလက်များ ဖြတ်တောက်ခံထားရသည်။

“ခြင်္သေ့တွေကို လယ်ကွင်းတစ်နေရာမှာ သေနေတာတွေ့တာပါ။ သေနေတဲ့ အထဲမှာအထီးနှစ်ကောင်က   ခေါင်းနဲ့ ခြေလက်တွေ   ဖြတ်တောက်ခံထားရတာတွေ့တယ်။”ဟု  ပြည်နယ်ရဲဌာန   ပြောရေးဆိုခွင့်ရှိသူ မိုလာဖီလာက အေအက်ဖ်ပီသို့ ပြောသည်။

၎င်းခြင်္သေ့များ သတ်ဖြတ်ခံရသည်မှာ သိပ်မကြာသေးနိုင်ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်က ဖြစ်နိုင်ကြောင်း ရဲက ယူဆထားသည်။

“ပြည်နယ်မှာ တစ်ခုခုတော့ ဖြစ်နေပါတယ်။ ဒီအတွက် စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်။”ဟု ၎င်းပြောရေးဆိုခွင့်ရှိသူကဆိုပြီး မကြာသေးမီ လအတန်ငယ်အကြာကလည်း ထိုသို့သော ခြင်္သေ့များ အဆိပ်ခတ်သတ်ဖြတ်ခံရမှု သုံးရပ်ဖြစ်ပွားခဲ့ကာ ကောင်ရေအနည်းဆုံး ရှစ်ကောင်ရှိကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags