ချီလီ တောမီး ကူညီငြိမ်းသတ်ရန် နိုင်ငံတကာအကူအညီများ ရောက်ရှိလာနေ

ချီလီ တောမီး ကူညီငြိမ်းသတ်ရန် နိုင်ငံတကာအကူအညီများ ရောက်ရှိလာနေ

ဇန်နဝါရီ ၂၈ ။               ။ ချီလီ နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော တောမီးလောင်ကျွမ်းနေမှုကို ကူညီငြိမ်းသတ်ပေးနိုင်ရန် ယခုအခါ နိုင်ငံတကာမှ အကူအညီများ တစ်ဖွဲဖွဲ ရောက်ရှိလာနေပြီဖြစ်သည်။

မက္ကဆီကို နှင့် အာဂျင်တီးနားတို့မှ မီးသတ်သမားများသည် ဇန်နဝါရီ ၂၇ ရက်က ချီလီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပြည်တွင်းမှ မီးသတ်သမားများနှင့် ပူးပေါင်းထားပြီးဖြစ်သည်။

တောမီးများကြောင့် ယင်းနိုင်ငံတွင် လူပေါင်း ၁၀ ဦး သေဆုံးခဲ့ရပြီလည်း ဖြစ်သည်။

လာမည့် ရက်ပိုင်းအတွင်းတွင်လည်း ပေါ်တူဂီ၊ ပြင်သစ်၊ ပီရူး၊ ဘရာဇီး ၊စပိန် တို့မှလည်း မီးသတ်ယာဉ်များ၊ မီးသတ်လေယာဉ်များ ရောက်ရှိလာရန် ရှိနေပြီး မီးငြိမ်းသတ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်အားဖြည့်သွားမည်ဖြစ်သည်။

တပ်ဖွဲ့ဝင် ၄၀၀ ခန့် ရှိသည့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များ ထပ်မံလာရောက်မည်ဖြစ်ပြီး ၎င်းတို့မှာ သတင်းပတ်တစ်ပတ်ကျော်ကြာ လောင်ကျွမ်းနေခဲ့သည့် တောမီးများကို ငြိမ်းသတ်နေကြရသော ပြည်တွင်းမှ မီးသတ်သမားများ၊ စစ်သားများနှင့် ပူးပေါင်းပါဝင်ငြိမ်းသတ်သွားမည်ဟု ချီလီသမ္မတ မစ်ချယ်လီ ဘက်ချလက်က ပြောသည်။

တောမီးများကြောင့် နိုင်ငံတွင် ဟက်တာပေါင်း ၃၆၀,၀၀၀ ကျော်ဖုံးလွှမ်းနေသော ဒေသကို လောင်ကျွမ်းနေလျက်ရှိကြောင်း အခြေအနေမှာ အန္တရာယ်များနေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags