နယ်စပ်တံတိုင်းကိစ္စကြောင့် တင်းမာမှုများ ပြေငြိမ်းရန် ထရမ့်နှင့် မက္ကဆီကိုသမ္မတတို့ ဖုန်းဆက်စကား ပြောခဲ့

နယ်စပ်တံတိုင်းကိစ္စကြောင့် တင်းမာမှုများ ပြေငြိမ်းရန် ထရမ့်နှင့် မက္ကဆီကိုသမ္မတတို့ ဖုန်းဆက်စကား ပြောခဲ့

ဇန်နဝါရီ ၂၈ ။                 ။ နယ်စပ်တံတိုင်းကိစ္စနှင့်စပ်လျင်း၍ နှစ်ဘက်အကြား တင်းမာနေမှုများ လျှော့ချရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မက္ကဆီကို သမ္မတ အင်းနရစ် ပီနာနီတိုတို့ ဖုန်းဆက်စကားပြော ဆွေးနွေးခဲ့ကြသည်။

နှစ်ဘက်ခေါင်းဆောင်နှစ်ဦးအကြား တစ်နာရီကျော်ကြာ ဖုန်းပြောဆိုမှုနောက်ပိုင်း အငြင်းပွားမှုအတွက် အဖြေရှာနိုင်ရေး ကြိုးပမ်းသွားရန် သဘောတူညီခဲ့ကြသည်ဟုလည်း သိရသည်။

ယင်းသို့ ဖုန်းဆက်စကားပြောဆိုပြီးနောက် နှစ်ဘက်ခေါင်းဆောင်များအကြား ဆွေးနွေးမှုမှာ အပြုသဘောဆောင်ပြီး အကျိုးရှိခဲ့ကြောင်း နှစ်ဘက်အစိုးရများက တူညီသည့်ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

အလားတူ မက္ကဆီကို သမ္မတနှင့် စကားပြောဆိုမှုများမှာ အလွန် ရင်းရင်းနှီးနှီး ဖြစ်ခဲ့ကြောင်း ထရမ့်ကလည်း ပြောကြားသွားသည်။

ယခုအခါ တံတိုင်းတည်ဆောက်ရာတွင် မည်သူက အကုန်အကျခံပေးသင့်ဆိုသည့်ကိစ္စအတွက် ရှင်းရှင်းလင်းလင်း သဘောကွဲလွဲမှုများ ရှိနေကြောင့် ထရမ့်နှင့် ပီနာနီတို တို့ ဝန်ခံအသိအမှတ်ပြုခဲ့ ကြသော်လည်း ယင်းမတူညီ ကွဲလွဲမှုများကို အဖြေရှာသွားရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ယင်းမတိုင်မီကမူ တံတိုင်းကိစ္စကြောင့် လာမည့်အပတ် တွေ့ဆုံဆွေးနွေးမည့်အစည်းအဝေးတစ်ခုကို မက္ကဆီကိုဘက်မှ ဖျက်သိမ်းခြင်း၊ တံတိုင်းအတွက်ငွေအကုန်အကျခံ မပေးနိုင်ကြောင်း   ကြေညာခြင်းတို့ ရှိခဲ့ပြီး ဆယ်စုနှစ်အတွင်း နှစ်နိုင်ငံအကြား သံတမန်ပိုင်းဆိုင်ရာ အကျပ်အတည်းများ ကျရောက်နေခဲ့ရခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly