ဟားလ်စီးတီးကွင်းလယ်လူ စနော့ဂရက်ကို ပေါင် ၁၀ သန်းဖြင့် ဝက်စ်ဟမ်းခေါ်ယူ

ဟားလ်စီးတီးကွင်းလယ်လူ စနော့ဂရက်ကို ပေါင် ၁၀ သန်းဖြင့် ဝက်စ်ဟမ်းခေါ်ယူ

ဇန်နဝါရီ ၂၈၊ လန်ဒန်။           ။ ဝက်စ်ဟမ်းအသင်းသည် ဟားလ်စီးတီးကွင်းလယ်ကစားသမား ရောဘတ် စနော့ဂရက်ကို ပေါင် ၁၀ ဒသမ ၂ သန်းဖြင့် ခေါ်ယူလိုက်သည်။

အသက် ၂၉ နှစ်အရွယ် စကော့တလန်ကစားသမားသည် ဝက်စ်ဟမ်းအသင်းနှင့် သုံးနှစ်ခွဲစာချုပ်လိုက်ခြင်းဖြစ်သည်။

“ဝမ်းသာပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အစဉ်အလာကောင်းတွေ အများကြီးရှိခဲ့တဲ့အသင်းဖြစ်ပါတယ်”ဟု လက်ရှိရာသီတွင် ဟားလ်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၂၀ ကစားပြီး ခုနစ်ဂိုးသွင်းနိုင်ခဲ့သည့် စနော့ဂရက်က ပြောသည်။

စနော့ဂရက်သည် ဆောက်သမ်တန်နောက်ခံလူ ဖွန်တီပြီးနောက် ဇန်နဝါရီလအတွင်း ဝက်စ်ဟမ်းသို့ရောက်လာသည့် ဒုတိယ မြောက်ကစားသမားဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည် စနော့ဂရက်ကို ဘန်လေ၊ မစ်ဒယ်ဘရော့တို့နှင့်အပြိုင်ခေါ်ယူခဲ့ရခြင်းဖြစ်ပြီး နည်းပြဘီလစ်သည် ယင်းကစားသမားကို ဗုဒ္ဓဟူးနေ့တွင် မန်စီးတီးနှင့်ကစားရမည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ၌ ပထမဆုံးအသုံးပြုဖွယ်ရှိသည်။

“အသင်းပိုင်ရှင်တွေနဲ့ နည်းပြဟာ အသင်းကိုအောင်မြင်အောင်ထူထောင်ဖို့ကြိုးစားနေကြပြီး ကျွန်တော်လည်း ပွဲထွက်ဖို့ မစောင့်နိုင်တော့ပါဘူး။

ဒီအသင်းက ကွင်းသစ်နဲ့အတူ ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အပြင် ပရီးမီးယားလိဂ်အဆင့်နည်းပြတစ်ဦးလည်းရှိနေတဲ့ ရည်မှန်းချက်ကြီးတဲ့အသင်းတစ်သင်းလို့ ကျွန်တော်ခံစားရပါတယ်”ဟု စနော့ဂရက်က ဖြည့်စွက်ပြောဆိုသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly