အမေရိကန်စစ်အင်အား ပြန်လည်ကြီးထွားအောင် တည်ဆောက်ရန် ထရမ့် အမိန့်ထုတ်ပြန်

အမေရိကန်စစ်အင်အား ပြန်လည်ကြီးထွားအောင် တည်ဆောက်ရန် ထရမ့် အမိန့်ထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ။              ။ အမေရိကန်စစ်တပ်အတွက် လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် အခြားရင်းမြစ်များစွာကို ဖြည့်ဆည်းမည်ဟု ကတိပြုလျက် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ စစ်အင်အား ပြန်လည်ကြီးထွားရန် တည်ဆောက်ရေး အမိန့်ဒီဂရီတစ်ရပ်အား လက်မှတ်ရေးထိုးထုတ်ပြန်သည်။

“ကျွန်တော်တို့ စစ်အင်အားခိုင်မာမှုကို ဘယ်သူမှ ယုံမှားသံသယရှိလိမ့်မှာ မဟုတ်ဘူး။ ဒီလိုပဲ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးအပေါ် နှစ်မြုပ်ထားမှုကိုလည်း မေးခွန်းထုတ်စရာလိုမှာ မဟုတ်ဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို အမှန်လိုလားတယ်။”ဟု ပင်တဂွန်က အခမ်းအနားတစ်ခု၌ ထရမ့်က ဆိုသည်။

အစိုးရ၏ အသုံးစရိတ်ကို ချမှတ်ပေးရသည့် ကွန်ဂရက်အနေဖြင့်လည်း စစ်တပ်အတွက် အိမ်ဖြူတော်က ဘတ်ဂျတ်သစ်တောင်းခံခြင်းအပေါ် လိုလိုလားလား ရှိမည်မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သည့်နှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလကနှင့် မကြာသေးသည့် သီတင်းပတ်များအတွင်း စစ်အင်အားနှင့် လေယာဉ်အုပ်စု၊ သင်္ဘောအုပ်စုများကို တိုးချဲ့လိုကြောင်း ရှင်းရှင်းဘွင်းဘွင်း ပြောဆိုထားသူဖြစ်သည်။

ဥပမာအားဖြင့် လက်ရှိ ရေတပ် သင်္ဘောအုပ်စုတွင် စစ်သင်္ဘော ၂၇၄ စင်းရှိနေသည်ကို စစ်သင်္ဘောအုပ်စုတစ်စုတွင် စင်းရေ ၃၅၀ အထိ ရှိစေလိုသည်ဟု ထရမ့်က ပြောထားသည်။ ရေတပ်က ရည်မှန်းထားသည့် စင်းရေ ၃၁၀ အထိ ရှိရေးထက်ပင် ပိုလွန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags