ဆီးရီးယားရှိ ISထိန်းချုပ်ရာ နယ်မြေအား တူရကီတို့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ဦးသေဆုံး

ဆီးရီးယားရှိ ISထိန်းချုပ်ရာ နယ်မြေအား တူရကီတို့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ဦးသေဆုံး

ဇန်နဝါရီ ၂၇ ။              ။  ISတပ်ဖွဲ့များထိန်းချုပ်ရာနယ်မြေတစ်ခုဖြစ်သည့် ဆီးရီးယားမှမြို့တစ်မြို့သို့ တူရကီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဗုံးကြဲချခဲ့သောကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သား ၁၀ဦး   သေဆုံးခဲ့ကြောင်း စောင့်ကြည့်သူများက ယနေ့သောကြာနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သောကြာသာပတေးနေ့၌ IS ထိန်းချုပ်ရာနယ်မြေဖြစ်သည့် တာဒစ်ဖ်နယ်မြေအနီးရှိ အယ်လ်ဘတ်မြို့ မြောက်ပိုင်းသည်ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကိုခံခဲ့ရကြောင်း ဆီးရီးယားလူ့အခွင့်အရေး   စောင့်ကြည့်လေ့လာရေး အဖွဲ့မှပြောခဲ့သည်။

မကြာသေးခင်အပတ်များကတည်းက အယ်လ်ဘတ်မြို့သည် တူရကီ၊ရုရှားနှင့်ဆီရီးယားတို့၏လေကြောင်း တိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခြင်းကို ခံခဲ့ရသည်။

စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သူတို့ဟာ ဘယ်နိုင်ငံက လေယာဉ်မှ ဗုံးကြဲမှုပြုလုပ်သလဲဆိုတာကို လေယာဉ် အမျိုးအစား၊ တည်နေရာ၊ပျံသန်းပုံတို့ကို ကြည့်ရှုပြီး ဆုံးဖြတ်ခြင်းဖြစ်ကြောင်းပြောသည်။

တူရကီလေတပ်များသည်ပြီးခဲ့သောသြဂုတ်လကပြုလုပ်ခဲ့သော IS နှင့်ကာဒစ်ရှ်တိုက်ခိုက်ရေးသမားများအား ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ဆင်ရေးအား အထောက်အပံ့ပေးရန်အတွက်   လေကြောင်းတိုက်ခိုက်မှုများပုံမှန် ပြုလုပ်လေ့ရှိကြောင်းသိရသည်။ ယခုလအတွင်းပြုလုပ်ခဲ့သည့် လေကြောင်းစစ်ဆင်မှုများအား ရုရှားနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးခဲ့ရသည်ဆိုသည့် သတင်းများကို တူရကီအရာရှိများက ငြင်းဆိုခဲ့ပြီး သူတို့ဟာ အရပ်သားများ သေဆုံးမှု မရှိစေရန် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင် လေ့ရှိကြောင်း အခိုင်အမာပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags