ကက်ရှ်မီးယားဒေသ၌ ဆီးနှင်းတောင်ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက် ၂၀အထိ မြင့်တက်လာ

ကက်ရှ်မီးယားဒေသ၌ ဆီးနှင်းတောင်ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက် ၂၀အထိ မြင့်တက်လာ

ဇန်နဝါရိ ၂၇ ။                    ။ ယနေ့ သောကြာနေ့တွင် ကယ်ဆယ်ရေးသမားများက ကက်ရှ်မီးယားဒေသရှိပြိုကျခဲ့သော ဆီးနှင်းထုအတွင်းမှ အိန္ဒိယစစ်သားလေးဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့သောကြောင့် ဆီးနှင်းတောင်ပြိုကျမှုအတွင်း သေဆုံး ခဲ့သူ အရေအတွက်မှာ အယောက်၂၀အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်မှ ထုတ်ပြန်ပြောကြားခဲ့ သည်။

ပါကစ္စတန်နှင့်အိန္ဒိယနယ်စပ်အတွင်း၌ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ဆီးနှင်းတောင်ပြိုကျသောဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်တပ်တန်းလျားနှင့် ကင်းလှည့်နေသော တပ်ဖွဲ့အပေါ်သို့ ပြိုကျရိုက်ခတ်ခဲ့သည်။

နယ်စပ်ဒေသတစ်လျှောက်ကင်းလှည့်နေခဲ့သော တပ်ဖွဲ့မှတပ်ဖွဲ့ဝင်၁၁ဦးစလုံးဟာအဆိုပါပြိုကျမှုအတွင်းသေ ဆုံးခဲ့ရသည်။

“ယနေ့သောကြာနေ့မှာ နောက်ထပ်အလောင်း၄လောင်းကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။နောက်ထပ်ပျောက် ဆုံးနေတဲ့သူတွေတော့ မရှိတော့ပါဘူး” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးရာဂျက်ရှ်ကာလီယာက ပြောခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်နယ်စပ်တစ်လျှောက်တွင် ဆောင်းရာသီရောက်ရှိလာတိုင်းဆီးနှင်းတောင်ပြိုကျမှုများ ကြောင့် အိန္ဒိယနှင့်ပါကစ္စတန်စစ်သားများဒါဇင်နှင့်ချီ၍သေဆုံးလေ့ရှိကြောင်းသိရသည်။

အိန္ဒိယအုပ်ချုပ်ရာကက်ရှ်မီးယားနယ်မြေအတွင်း၌ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးဆောင်း ရာသီကိုကြုံတွေ့နေရခြင်းဖြစ်ကာ နယ်မြေတစ်လျှောက်၌ဆီးနှင်းများသည်းသည်းမဲမဲကျဆင်းနေပြီး အပူချိန် မှာလည်း အနှုတ်၇ဒီဂရီဆဲလ်စီရက် (၁၉ဒီဂရီ ဖာရင်ဟိုက်) အထိကျဆင်းနေကြောင်းသိရသည်။

အာဏာပိုင်များက ဆီးနှင်းတောင်ပြိုကျမှုများအားသတိထားရန်ထုတ်ပြန်ကြေညာခဲ့ပြီး တောင်တန်းဒေသတွင် နေထိုင်သူများအား အိမ်အပြင်သို့မထွက်ကြရန်တိုက်တွန်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags