ဘုရားပွဲသွားသည့် ထော်လာဂျီ တိမ်းမှောက်၍ သုံးဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

ဘုရားပွဲသွားသည့် ထော်လာဂျီ တိမ်းမှောက်၍ သုံးဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

မုံရွာ၊ ဇန်နဝါရီ ၂၇ ။                  ။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် ဘုရားပွဲသွားသည့် ထော်လာဂျီတိမ်းမှောက်၍ သုံးဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝသွား ကားလမ်းတွင် ကံထူးမကျေးရွာဘုရားပွဲသို့ သွားသော ထော်လာဂျီယာဉ်မှာ ဆိုင်ကယ်အား ရှောင်ရာမှ တိမ်းမှောက်ခဲ့ကြခြင်းဖြစ်သည်။

တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်း သို့ ဖုန်းဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက အတည်ပြုခဲ့ပြီး အဆိုပါထော်လာဂျီ၏ ယာဉ်လိုင်စင်ရှိမရှိအား စစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါ ဘုရားပွဲသွားသည့်ယာဉ် တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ ကျား ၃ ဦးသေဆုံးခဲ့ပြီး ကျား(၂၀)၊ မ(၂၂)ဦးတို့မှာ မစိုးရိမ်ရသောဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကြောင့် တန့်ဆည်မြို့နယ်၊ ကံထူးမ နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသက်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရအမှုရေးဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly