ကံဆိုတာ ကိုယ်က ရွေးချယ်လိုက်တဲ့ အလုပ်တစ်ခုပဲ

ကံဆိုတာ ကိုယ်က ရွေးချယ်လိုက်တဲ့ အလုပ်တစ်ခုပဲ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲသူတစ်ယောက်၊ ပရိသတ်တွေက ရဲတိုက်အတုဆိုပြီးဝေဖန်ခံထားရတဲ့သူ၊ သူကတော့ သရုပ်ဆောင် ဒေါင်း ပါ။ အနုပညာဆိုတာ ကံကြမ္မာကချမှတ်ပေးထားတဲ့ ခြေလှမ်းတစ်ခုလို့ ခံယူထားတဲ့ သူ့အတွက် စိန်ခေါ်မှုတွေက ဘာများဖြစ်မလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ ။ အခုဆိုရင် ဒေါင်း နဲ့တွေ့ဆုံမေးမြန်းဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန်ရဲ့လက်ထဲမှာတော့ Yope မေးခွန်း ၅ ခုနဲ့အတူ  Yope Red Chair ရှိနေပါတယ်။

မေး။  အစ်ကိုရေ မင်္ဂလာပါ ။အခုလို Yope အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင့်။ ညီမတို့ အစီအစဉ်ကနေ မေးခွန်း ၅ ခုမေးမယ့် အစီအစဉ်ပေါ့နော်။ ပထမဆုံး မေးခွန်းပါရှင့်။ အဲဒါက ဒေါင်းကိုပေါ့နော် ရဲတိုက်အစား မင်းသားတင်ကြတယ်လို့ ပရိသတ်တွေက ဝေဖန်ကြတယ်ပေါ့နော်။ပြီးတော့ ဒေါင်းကိုလည်း ရဲတိုက်အတုဆိုပြီး ပြောနေကြတာတွေလည်း ရှိတော့ အဲဒါက ဒေါင်းအတွက် ဘယ်လို စိန်ခေါ်မှုမျိုး ဖြစ်လာနိုင်လဲ။

ဖြေ။ ဘယ်လို စိန်ခေါ်မှုမျိုးမှ မဖြစ်လာနိုင်ပါဘူး။ဘာလို့လဲဆိုတော့ ပရိသတ်ဆိုတာ သူ့ရင်ထဲက ခံစားတဲ့အတိုင်း မြင်ကြတာကိုး။ ဒါပေမယ့် ဆာတိုရီကတော့ ရဲတိုက်အစား အစားထိုးတာ မဟုတ်ပါဘူး။ ဆာတိုရီက နောက်ထပ် Generation အသစ် နောက်ထပ် သရုပ်ဆောင်သစ်တစ်ယောက်ကို ရွေးချယ်ဖို့ဆိုပြီး ယုံကြည်ချက်နဲ့ကို ကိုရဲတိုက်ရှိစဉ်ကတည်းက ဒီအစီအစဉ်ကို စခဲ့တာ။ ဒါပေမယ့် သူတို့ နှစ်ပေါင်းများစွာ ရွေးချယ်ထားတယ်။ အယောက်  ငါးရာထဲကမှ ကျွန်တော့ကို စိစစ်ရွေးချယ်လိုက်တာပေါ့။

မေး။ ဒေါင်းရဲ့ မိသားစုနဲ့ ပတ်သက်ပြီး အဖြစ်ချင်ဆုံး ဆန္ဒကိုပြောပါဆိုရင် ဘာများဖြစ်မလဲ။

ဖြေ။ မိသားစုနဲ့ ပတ်သက်ပြီးဆိုရင် မိသားစု  သိုက်သိုက်ဝန်းဝန်း နေချင်တယ်။

မေး။ နံပါတ် ၃ မေးခွန်းပေါ့ အချို့ ပရိသတ်တွေအများစုကပေါ့နော် ။ဒေါင်းက အရမ်းဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်လို့ ပြောကြတယ်။အဲဒီတော့ ဒေါင်းမှာ လူတွေကို မဆွဲဆောင်နိုင်တဲ့ အရာရှိမယ်ဆိုရင် အဲဒါတွေက ဘာတွေများ ဖြစ်မလဲ။

ဖြေ။ ဘယ်လိုအရာက မဆွဲဆောင်နိုင်ဘူးလဲ။ ကျွန်တော်အရမ်းရယ်ရင် မကြိုက်ဘူး။ ကျွန်တော့်ကိုယ့်ကို ကျွန်တော် မကြိုက်တာပေါ့နော်။ ကျွန်တော်အရမ်းရယ်ပြီဆိုရင် မကြိုက်ဘူး ကိုယ့်ကိုကိုယ်။

မေး။ အင်တာဗျူး တစ်ခုမှာ ဖတ်လိုက်ရတယ်ပေါ့နော်။ကံတရားကြောင့်ပေါ့နော်။ ဘောလုံးသမားဘဝကနေ သရုပ်ဆောင်ဘ၀ ပြောင်းလာတယ်လို့ ပြောထားတယ်ပေါ့။ အဲဒီလို ကံတရားရဲ့အပြောင်းအလဲမှာရော ဒေါင်းအနေနဲ့ စိတ်ခံစားချက်က ဘယ်လောက်ထိအရေးပါလဲ။

ဖြေ။ ကံတရားဆိုတာတော့ ကိုယ်လုပ်တဲ့ အလုပ်ပေါ့။အဲဒီတော့ အဲဒါမှာ ရွေးချယ်မှုတွေ ပါလာပြီ။ အဲဒီတော့ ကျွန်တော်လုပ်တဲ့အလုပ်ပေါ်မှာ ကျွန်တော် ရွေးချယ်လိုက်တယ်။ ဆုံးဖြတ်လိုက်တယ်။Professional တစ်ခုကနေ အခြား Professional တစ်ခုကို ရွှေ့ဖို့ ၊ရွေးချယ်ဖို့ ၊ဆုံးဖြတ်ဖို့ ၊မှတ်သားဖို့ ၊လေ့လာဖို့ ပြီးတော့ ရင်ဆိုင်ဖို့ အဲဒါတွေ ပါလာပြီ။ အဲဒါ နောက်ထပ်ကံတရားတစ်ခုကို စိန်ခေါ်လိုက်ခြင်းပဲ။

မေး။  ဒါက နံပါတ် ၅ မေးခွန်း နောက်ဆုံးပါပဲ။ အော်စကာဆုရှင် မင်းသားတစ်ဦးသာ ဖြစ်ခွင့်ရမယ်ဆိုရင် ဘယ်ဒါရိုက်တာနဲ့ လက်တွဲပြီး ဘယ်လိုဇာတ်ကားမျိုးကို သရုပ်ဆောင်ချင်လဲ။

ဖြေ။ အဲ့မေးခွန်းလေး အရမ်းကောင်းပါတယ်။ ကျွန်တော်အခုလက်ရှိမှာ ကျွန်တော်ကြိုက်တာက ဒါရိုက်တာ Spielberg ကို ကြိုက်တယ်။ ပြီးတော့ Las Bronte Hay ဆိုတဲ့ ပြင်သစ်ဒါရိုက်တာကို ကြိုက်တယ်။ အဓိကတော့ ကျွန်တော် အော်စကာရချင်ရင် ဘာဖြစ်လို့လည်းဆိုတော့ ပြင်သစ်က အနုပညာတွေနဲ့ ပတ်သတ်ပြီးတော့ ကိုယ်နဲ့အရမ်း အရမ်း အလှမ်းဝေးတယ်။ ကိုယ်နဲ့ အနေအထား အရမ်းအလှမ်းဝေးတယ်။ ဒါပေမယ့် သူရဲ့ အိုင်ဒီယာ၊ သူ့ရဲ့ ချဉ်းကပ်မှုက အရမ်းကို ဆန်းသစ်တယ်။ အရမ်းကို ထူးခြားတယ်ပေါ့။ အဲ့ဒီလို ထူးခြားမှုရှိတဲ့ လူတစ်ယောက်နဲ့ ထပ်ပြီးတော့ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ကျွန်တော့်အတွက် အများကြီး ထူးခြားသွားနိုင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly