၂၀၁၆ အတွင်း ပဥ္စမမြောက်ငွေအသုံးဆုံးလိဂ်အဖြစ် တရုတ်စူပါလိဂ်မှတ်တမ်းဝင်

၂၀၁၆ အတွင်း ပဥ္စမမြောက်ငွေအသုံးဆုံးလိဂ်အဖြစ် တရုတ်စူပါလိဂ်မှတ်တမ်းဝင်

ဇန်နဝါရီ ၂၇၊ တရုတ်။             ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာကတရားဝင်ထုတ်ပြန်သည့် အချက်အလက်အရ ဘောလုံးလောကတွင်စီးပွားရေးအင်အားကြီးထွား လာသည့် တရုတ်နိုင်ငံမှ တရုတ်စူပါလိဂ်သည် ၂၀၁၆ ခုနှစ်အတွင်း ပဉ္စမမြောက်ငွေကြေးအသုံးစွဲဆုံး လိဂ်တစ်ခုဖြစ်လာသည်။

မကြာသေးသည့်လများအတွင်း ဒီယေဂိုကော်စတာ၊ ဝိန်းရွန်နီတို့ကဲ့သို့သော ထိပ်တန်းကစားသမားများကိုပင် ခေါ်ယူရန်ကြိုးပမ်း ခဲ့ကြသည့် တရုတ်စူပါလိဂ်မှကလပ်များ၏ ၂၀၁၆ ခုနှစ် ပြက္ခဒိန်နှစ်အတွင်းအသုံးစရိတ်မှာ ပေါင် ၃၅၆ သန်း ရှိခဲ့သည်။

ယင်းမှာ ပေါင် ၁ ဘီလီယံသုံးထားသည့် အင်္ဂလန်ပရီးမီးယားလိဂ်၊ ပေါင် ၄၅၅ သန်းသုံးထားသည့် ဂျာမနီ ဘွန်ဒက်စ်လီဂါ၊ ပေါင် ၄၀၁ ဒသမ ၈ သန်းသုံးထားသည့် စပိန် လာလီဂါ၊ ပေါင် ၄၀၁ ဒသမ ၇ သုံးထားသည့် အီတလီ စီးရီးအေ တို့ပြီးနောက် အများဆုံးပမာဏဖြစ်သည်။

တရုတ်အနေဖြင့် ဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် ပြင်သစ်၊ ပေါ်တူဂီနှင့် ရုရှတို့ကိုပင် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သုံးစွဲငွေပမာဏမှာ ပြည်ပကစားသမားခေါ်ယူမှုအပေါ်တွင်သာ တွက်ချက်ထားခြင်းဖြစ်ပြီး ပြည်တွင်းအပြောင်းအရွှေ့များကို ထည့်တွက်ထားခြင်းမရှိပေ။

ကမ္ဘာကျော်ကစားသမားအချို့တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့နေကြပြီး ချယ်လ်ဆီးကွင်းလယ်လူ အော်စကာမှာအထင်ရှားဆုံး ဖြစ်ကာ တရုတ်ကလပ်များ၏ နိုင်ငံတကာအပြောင်းအရွှေ့အသုံးစရိတ်မှာ တစ်နှစ်ထက်တစ်နှစ်တိုးမြင့်လာနေသည်။

ငွေအသုံးဆုံးလိဂ်အဖြစ် အဆင့် ၆ နေရာတွင်ရှိနေသည့် ပြင်သစ်၏အသုံးစရိတ်မှာ ပေါင် ၁၆၄ ဒသမ ၄ သန်းသာရှိသဖြင့် တရုတ်၏အသုံးစရိတ်နှင့် ထက်ဝက်ကျော်နည်းပါးနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags