နှစ်ရာသီအတွင်း ၁၁ ယောက်မြောက်နည်းပြအဖြစ် လိုပက်ဇ်ကို ပါလာမိုအသင်းခန့်အပ်

နှစ်ရာသီအတွင်း ၁၁ ယောက်မြောက်နည်းပြအဖြစ် လိုပက်ဇ်ကို ပါလာမိုအသင်းခန့်အပ်

ဇန်နဝါရီ ၂၇၊ ပါလာမို။         ။ စီးရီးအေကလပ်ပါလာမိုအသင်းသည် ဘောလုံးရာသီနှစ်ရာသီအတွင်း ၁၁ ယောက်မြောက်နည်းပြအဖြစ် ဒီယေဂိုလိုပက်ဇ်ကို ခန့်အပ်လိုက်သည်။

ပြီးခဲ့သည့်ရာသီက နည်းပြ ရှစ်ဦးပြောင်းလဲခန့်အပ်ခဲ့သည့် ပါလာမိုအနေဖြင့် လက်ရှိရာသီတွင်လည်း စတုတဎအကြိမ်မြောက် နည်းပြအပြောင်းအလဲအဖြစ် လိုပက်ဇ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဥရုဂွေးလူမျိုးနည်းပြသည် ၂၀၁၈ ဇွန် ၃၀ ထိသက်တမ်းရှိသည့် စာချုပ်ကိုလက်မှတ်ထိုးလိုက်ခြင်းဖြစ်ပြီး ပထမဆုံးပွဲအဖြစ် တနင်္ဂနွေတွင် စီးရီးအေ အမှတ်ပေးဇယားတတိယနေရာမှ နာပိုလီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ပါလာမိုအသင်းကို ခုနစ်ပွဲကိုင်တွယ်ပြီး တစ်ပွဲသာအနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ကြာသပေတေးနေ့တွင် နုတ်ထွက်သွားသည့် ကိုရီနီ၏နေရာတွင် ကက်ဂလီယာရီနှင့် ဘိုလော့ဂ်နာနည်းပြဟောင်း အသက် ၄၂ နှစ်အရွယ်လိုပက်ဇ်က အစားထိုးတာဝန်ယူခွင့်ရခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အတွက်တော့ ပြိုင်ဘက်ကင်းအခွင့်အရေးတစ်ရပ်လို့ယူဆပါတယ်။ ရှုပ်ထွေးနေတဲ့အခြေအနေတွေကိုသိထား ပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ အလုပ်များများလုပ်ပြီး စကားနည်းနည်းပြောဖို့လိုပါတယ်။ ပါလာမိုက အရေးပါတဲ့ဘောလုံးမြို့တစ်မြို့ပါ။ မနေ့က အသင်းဥက္ကဋ္ဌ ဇမ်ပါရီနီနဲ့တွေ့ခဲ့ပြီးဖြစ်ပြီး ကျွန်တော့်ကိုယုံကြည်ကြောင်းနဲ့ ကောင်းကောင်းလုပ်ဖို့ ပြောခဲ့ပါတယ်”ဟု လိုပက်ဇ်က ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly