အေစီမီလန်မှ အမ်ဘေရီ နီယန်းကို ဝက်ဖို့ဒ်အသင်း အငှားဖြင့်ခေါ်ယူ

အေစီမီလန်မှ အမ်ဘေရီ နီယန်းကို ဝက်ဖို့ဒ်အသင်း အငှားဖြင့်ခေါ်ယူ

ဇန်နဝါရီ ၂၇၊ မီလန်။              ။ ဝက်ဖို့ဒ်အသင်းသည် အေစီမီလန်ရှေ့တန်းကစားသမား အမ်ဘေရီနီယန်းကို ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

ပရီးမီးယားလိဂ်အဆင့် ၁၄ တွင်ရပ်တည်နေသော ဝက်ဖို့ဒ်အနေဖြင့် နီယန်းကို ရာသီကုန်တွင်အပြီးသတ်ခေါ်ယူလိုက ခေါ်နိုင်သည်ဆိုသောအချက်လည်း အငှားစာချုပ်တွင်ပါဝင်နေသည်။

အသက် ၂၂ နှစ်အရွယ်နီယန်းသည် ပြင်သစ်လိဂ်-၁ ကလပ် ကာအန်မှ အေစီမီလန်သို့ပြောင်းလာသူဖြစ်ပြီး ၇၇ ပွဲကစား၊ ၁၂ ဂိုး သွင်းယူထားသည်။

ပြင်သစ်ယူ-၂၁ လက်ရွေးစင်သည် ၂၀၁၄ တွင် မွန့်ပယ်လီယာ၊ ၂၀၁၅ တွင် ဂျီနိုအာအသင်းတို့သို့ အငှားဖြင့်သွားရောက် ကစားခဲ့ရသေးသည်။ ၎င်းသည် ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ဝက်ဖို့ဒ်အသင်းခေါ်ယူသည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။

အာဂျင်တီးနားတိုက်စစ်မှူး မော်ရို ဇာရာတေးသည် ဗုဒ္ဓဟူးနေ့တွင် ဖီအိုရင်တီးနားမှ နှစ်နှစ်ခွဲစာချုပ်ဖြင့်ပြောင်းရွှေ့လာပြီး အဲဗာတန်ကွင်းလယ်လူ တွမ်ကလီဗာလေသည်လည်း ယခုလအစောပိုင်းကမှ ရာသီကုန်ထိအငှားဖြင့် ဝက်ဖို့ဒ်သို့ပြောင်းလာခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly