ဇန်နဝါရီ ၂၇ ။ ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ဝါရှင်တန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အမေရိကန်သမ္မတသစ် ထရမ့်နှင့် ပထမဆုံးတွေ့ဆုံသည့် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာခဲ့သော ထရီဇာမေမှာ ဇန်နဝါရီ ၂၇ ရက်တွင် Brexit အလွန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုသဘောတူညီချက်များ ဆက်လက်ခိုင်မြဲနိုင်ရေးအတွက် ဆွေးနွေးသွားရန် ရှိနေသည်။
သမ္မတထရမ့်နှင့် တွေ့ဆုံချိန်တွင် အမေရိကန်၊ ဗြိတိန် နှစ်နိုင်ငံအနေဖြင့် ကမ္ဘာကြီးကို အတူတကွ ဦးဆောင်နိုင်မည့်အကြောင်း ထရီဇာမေဘက်က ပြောကြားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ယင်းမတိုင်မီကမူ ရုရှနှင့် ပတ်သက်၍ သတိထား ဆက်ဆံရန်လည်း အမေရိကန်တို့ကို မေက သတိပေးစကား ဆိုခဲ့သေးသည်။
အမေရိကန်တို့အနေဖြင့် ရုရှ နှင့် စေ့စပ်ညှိနှိုင်းဆက်ဆံရမည်ဖြစ်သော်လည်း သတိချပ်၍ ဆက်ဆံရမည်ဖြစ်ကြောင်း မေက အမေရိကန်အစိုးရကို တိုက်တွန်းပြောကြားထားခဲ့သည်။