မဲနှစ်ကြိမ် ထပ်ပေးပြီးမှ လက်ဝဲယိမ်းဝါဒီ အလက်ဇန္ဒြားဗန်ဒါဘယ်လန်က သြစတြီးယားသမ္မတအဖြစ် ကျမ်းသစ္စာဆို

မဲနှစ်ကြိမ် ထပ်ပေးပြီးမှ လက်ဝဲယိမ်းဝါဒီ အလက်ဇန္ဒြားဗန်ဒါဘယ်လန်က သြစတြီးယားသမ္မတအဖြစ် ကျမ်းသစ္စာဆို

ဗီယင်နာ၊ ဇန်နဝါရီ ၂၆ ။             ။ သြစတြီးယားနိုင်ငံတွင် လက်ဝဲယိမ်းဝါဒီတစ်ဦးဖြစ်သည့် စီးပွားရေးပညာပါမောက္ခ အလက်ဇန္ဒြားဗန်ဒါဘယ်လန်သည် မဲနောက်ထပ်တစ်ကြိမ်ထပ်ပေးရပြီးမှ ယင်းအကြိမ်တွင်လည်း ထပ်မံအနိုင်ရ၍ သမ္မတအဖြစ် ကျမ်းသစ္စာဆိုသည်။

ရှုံးနိမ့်သွားသည့် ပြိုင်ဖက် လက်ယာယိမ်းဝါဒီ နော်ဘတ်ဟိုဖာက ဇန်နဝါရီ ၂၆ ရက် ပါလီမန်တွင် သမ္မတကျမ်းကျိန်ပွဲအခမ်းအနား၌ ရှိနေခဲ့သည်။ ဟိုဖာသည် ပါလီမန်ဥက္ကဌသုံးဦးအနက် တစ်ဦးအပါအဝင်လည်းဖြစ်သည်။

ကနဦး ရွေးကောက်ပွဲတွင် ဗန်ဒါဘယ်လန်က ပွတ်ကာသီကာ အနိုင်ရထားခြင်းဖြစ်သည်။ သို့သော် ဟိုဖာ၏ Freedom ပါတီက မဲပေးမှုများတွင် ပုံမှန်မဟုတ် နည်းလမ်းမကျမှုများ ရှိနေသည်ဟု စွပ်စွဲပြောဆိုရာ ဖွဲ့စည်းပုံခုံရုံးက နောက်ထပ်တစ်ကြိမ် မဲထပ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်ကြိမ် မဲပေးမှုတွင်လည်း ဗန်ဒါဘယ်လန်က အနိုင်ရကာ ယခုကဲ့သို့ သမ္မတ အဖြစ် ကျမ်းကျိန်ခြင်းဖြစ်သည်။

အမေရိကန်တွင် ဒေါ်နယ်ထရမ့် အနိုင်ရခြင်းနှင့် ဗြိတိန်က အီးယူမှ နုတ်ထွက်သွားခြင်းတို့ကြောင့် လက်ဝဲယိမ်းများအတွက် နောက်ထပ်အောင်ပွဲတစ်ရပ်အဖြစ် သြစတြီးယား၏ သမ္မတရွေးကောက်ပွဲကို ဥရောပတစ်ခွင် အာရုံစိုက်ခြင်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly