ဆိုင်ကယ်စတန့်ထွင်စီးနင်းမှု၊ ကုလားအုတ်များဖြင့် ချီတက်မှုများ ပါ၀င်ခဲ့သည့် အိန္ဒိယ၏ နိုင်ငံတော်နေ့အခမ်းအနား ကျင်းပ

ဆိုင်ကယ်စတန့်ထွင်စီးနင်းမှု၊ ကုလားအုတ်များဖြင့် ချီတက်မှုများ ပါ၀င်ခဲ့သည့် အိန္ဒိယ၏ နိုင်ငံတော်နေ့အခမ်းအနား ကျင်းပ

ဇန်နဝါရီ ၂၆ ။              ။ အိန္ဒိယတွင် ဖွဲ့စည်းပုံ ဥပဒေ စတင်အသက်ဝင်သည့်နေ့ အထိမ်းအမှတ် ၆၈ ကြိမ်မြောက် နိုင်ငံတော်နေ့အခမ်းအနားကို ကျင်းပခဲ့ရာတွင် မော်တော်ဆိုင်ကယ် စတန့်ထွင် စီးနင်းသူများ၊ ကုလားအုတ်များဖြင့် ချီတက်မှုများ ပါဝင်လာခဲ့ကာ ကြည့်ရှုသူများကို မှင်သက်အံ့သြစေခဲ့သည်။

ယင်း၏ စစ်လက်နက်ပစ္စည်းများနှင့် ယဉ်ကျေးမှု ပုံစံများကို ထုတ်ပြန်ခဲ့သည့် ပွဲဖြစ်ပြီး နှစ်စဉ်ကျင်းပနေလျက်ရှိသည်။

ယမန်နှစ် ယင်းအခမ်းအနား ကျင်းပမှု နှစ်ကြိမ်တွင် အမေရိကန်နှင့် ပြင်သစ် သမ္မတတို့ တက်ရောက်ချီးမြင့်ခဲ့သလို ယခုနှစ်တွင်မူ အထူးဧည့်သည်တော်အဖြစ် အဘူဒါဘီမှ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဇာရက်ဒ် အယ်လ် နာယန် တက်ရောက်ခဲ့သည်။

၁၉၄၇ ခုနှစ် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ၁၉၅၀ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံ၏ဖွဲ့စည်းပုံဥပဒေစတင်အသက်ဝင်သည့် အထိမ်းအမှတ်အဖြစ် ယင်း အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။

မိနစ်တစ်ရာနီးပါးကြာမြင့်သည့် ချီတက်မှုများတွင် အိန္ဒိယ၏ နောက်ဆုံးပေါ်အဆင့်မြင့် လက်နက်များ၊ ဒုံးကျည်များ၊ ရေဒါစနစ်များကို ထုတ်ဖော်ပြသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly