၂၅နှစ်အတွင်း အမေရိကန် ဆယ်ကျော်သက်တို့၏ လိင်ဆက်ဆံနှုန်းလျော့ကျလာ

၂၅နှစ်အတွင်း အမေရိကန် ဆယ်ကျော်သက်တို့၏ လိင်ဆက်ဆံနှုန်းလျော့ကျလာ

လွန်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း အမေရိကန်ဆယ်ကျော်သက်တို့၏ လိင်ဆက်ဆံမှု ရာခိုင်နှုန်းမှာ သိသိသာသာလျော့ကျ လာခဲ့ပြီး အသက်၁၅နှစ်မှ ၁၉ နှစ်ထိ ဆယ်ကျော်သက်တို့တွင် လိင်ဆက်ဆံမှုအတွေ့အကြုံရှိသူအရေအတွက်မှာ ထက်ဝက်အောက်လျော့နည်းသွားခဲ့သည်ဟု ဇူလိုင် ၂၂ကထုတ်ပြန်ခဲ့သော အမေရိကန်၏အချက်အလက်များတွင် ဖော်ပြခဲ့သည်။

အမျိုးသား ကျန်းမာရေးစာရင်းအင်း စင်တာ၏ အချက်အလက်များအရ အဆိုပါ အသက်အရွယ် အုပ်စုရှိ လက်မထပ်ရသေးသော ဆယ်ကျော်သက်မိန်းကလေး ၄၄ ရာခိုင်နှုန်းခန့်သည် အနည်းလိင်မှုအတွေ့အကြုံတစ်ကြိမ်ရှိသည်ဟု သိရပြီး ၁၉၈၈ ခုနှစ်ကမူ ၅၈ ရာခိုင်နှုန်းသော ဆယ်ကျော်သက်များက လိင်အတွေ့အကြုံရှိခဲ့သည် ဆိုသည်။

ဆယ်ကျော်သက်အရွယ်ယောကျားလေးများကြား လိင်အတွေ့အကြုံရှိသူပမာဏမှာလည်း အလားတူကာလအတွင်း ၆၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄၇ ရာခိုင်နှုန်းသို့လျော့ကျသွားခဲ့သည်။

စင်တာက National Survey of Family Growth ဟုအမည်ပေးထားသော စစ်တမ်းဖြင့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေး ၁,၀၃၇ဦးနှင့် ဆယ်ကျော်သက် ယောကျားလေး ၁,၀၈၈ဦးကို ၂၀၁၁မှ ၂၀၁၃အထိ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ဆယ်ကျော်သက်အစောပိုင်းကာလတွင် ယောကျားလေးများက မိန်းကလေးများထက် လိင်ပိုင်းဆိုင်ရာပိုမို တက်ကြွလေ့ရှိသော် လည်း ဆယ်ကျော်သက်နှောင်းပိုင်းတွင် လိင်ဆက်ဆံမှု ပမာဏမှာ အတူတူဖြစ်သည်ဟု သိရသည်။

လေ့လာမှုအရ ဆယ်ကျော်သက်များသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း တူညီသောနှုန်းများဖြင့် ပဋိသန္ဓေတားဆေးပုံစံ အများစု ကို အသုံးပြုနေခဲ့သည်။ ကွန်ဒုံးများမှာ ဆယ်ကျော်သက်များအတွက် ပဋိသန္ဓေတားရာတွင် အသုံးအများဆုံးပုံစံဖြစ်နေသေးသည်။

ပထမဆုံးအကြိမ်လိင်ဆက်ဆံမှုတွင် မွေးနှုန်းထိန်းချုပ်ဆေးဝါးသုံးစွဲသည့် ဆယ်ကျော်သက်အရေအတွက်နှင့် ပဋိသန္ဓေတားရန် သုက်ရည်ကိုအပြင်ဘက်တွင် ပန်းထုတ်သည့်ဆယ်ကျော်သက်အရေအတွက်မှာ အတူတူဖြစ်သော်လည်း လိင်ဆက်ဆံပြီးနောက် တားဆေးစားသည့် ပမာဏမှာ ၈ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိတက်လာခဲ့သည်။

စစ်တမ်းက ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်နှုန်းကိုလည်း လေ့လာခဲ့သည်။ အမေရိကန်တွင် အသက် ၁၅နှစ်မှ ၁၉နှစ် အထိ ဆယ်ကျော်သက်အရွယ်တို့မှ မွေးဖွားနှုန်းမှာ ၁၉၉၁ခုနှစ်က အများဆုံးဖြစ်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်တွင် ထက်ဝက်ကျော်ကျ ဆင်းသွားခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့မွေးနှုန်းမှာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် ပို၍မြင့်မားနေသေးသည်။

ပထမဆုံးအကြိမ်လိင်ဆက်ဆံမှုတွင် ပဋိသန္ဓေတားသည့် ပုံစံတစ်ခုခုကို အသုံးမပြုသော ဆယ်ကျော်သက်မိန်းကလေးများသည် အသုံးပြုသည့်  မိန်းကလေးများထက် ဆယ်ကျော်သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ရနှုန်း နှစ်ဆမြင့်မားနိုင်သည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly