ကင်ညာဆရာဝန်များအား သပိတ်မှောက်မှု အဆုံးသတ်ရန် နောက်ထပ် ငါးရက် အချိန်ထပ်ပေး

ကင်ညာဆရာဝန်များအား သပိတ်မှောက်မှု အဆုံးသတ်ရန် နောက်ထပ် ငါးရက် အချိန်ထပ်ပေး

ဇန်နဝါရီ ၂၆ ။              ။ ယနေ့ ကြာသာပတေးနေ့၌ ကင်ညာတရားရုံးမှ နိုင်ငံနှင့်တစ်ဝန်းဖြစ်ပွားနေသော ဆရာဝန်များနှင့် သူနာပြုများ၏ သပိတ်မှောက်မှုအား အဆုံးသတ်ရန်အတွက် နောက်ထပ်ငါးရက် အချိန်ထပ်ပေးခဲ့ပြီး အစောပိုင်းတုန်းက သမဂ္ဂ ၏ အမှုဆောင်များကို ထောင်ချမည်ဆိုသော သဘောတူညီချက်ကိုလည်း ပယ်ဖျက်ခဲ့သည်။

၂၀၁၆ ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက ပြုလုပ်ခဲ့သော သပိတ်မှောက်မှုကြောင့် ပြည်သူ့ဆေးရုံများ ပိတ်ထားလိုက်ရ ပြီး လူနာများဟာလည်း အခြေခံဆေးကုသမှု မခံယူရတာ ၇ပတ်ကျော် ကြာပြီဖြစ်ကြောင်း သိရသည်။

ကင်ညာနိုင်ငံ၏ အလုပ်ခန့်အပ်ခြင်းနှင့် အလုပ်သမားဆက်ဆံရေး တရားရုံးမှတရားသူကြီးဖြစ်သူ ဟယ်လန်ဝါစီဝါ က ပြီးခဲ့သောဇန်နဝါရီ၁၂ရက်နေ့တွင် ဆရာဝန်သမဂ္ဂမှ အမှုဆောင်၇ဦးအား သပိတ်မှောက်မှုကို၂ပတ်အတွင်း အဆုံးသတ်ရန် အမိန့်ပေးခဲ့ပြီး ရာထူးမှ ၁ လခေတ္တချထားရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သို့သော်လည်း အဆိုပါရာဇသံပေးမှုဟာ ယနေ့ကြာသာပတေးနေ့အထိကျော်လွန်လာခဲ့သော်လည်း သပိတ် မှောက်မှုများဆက်လက်ဖြစ်ပွားနေသောကြောင့် သမဂ္ဂအမှုဆောင်များကို   နောက်ထပ်ငါးရက်အထိ ရွှေ့ဆိုင်းပေးခဲ့သည်။

ထို့ကြောင့်သမဂ္ဂအမှုဆောင်များသည် လာမည့်ဇန်နဝါရီ၃၁ရက်နေ့၌ တရားရုံးသို့လာရောက်ရမည်ဖြစ်သည်။

၂၀၁၃ခုနှစ်ကပေးခဲ့သောသဘောတူညီချက်ကတိကိုပျက်ကွက်ခဲ့ပြီး လုပ်ခလစာ ၄၀ရာခိုင်နှုန်းကျော်သာ တိုးမြှင့် ပေးသော အစိုးရ၏ကမ်းလှမ်းမှုကို ဆရာဝန်များက ပယ်ချခဲ့သလို   ဆေးရုံ၌ဝန်ထမ်းများ ပြတ်လပ်နေမှုနှင့် ပစ္စည်း ကရိယာအလုံအလောက်မရှိခြင်းတို့ကို အစိုးရမှကိုင်တွယ်ဖြေရှင်းရန်ပျက်ကွက်နေခြင်းကြောင့် ယခုလိုသပိတ် မှောက်နေခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly