မွတ်စလင်များဝင်ရောက်မှု ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်ကာကွယ်ပြောဆို

မွတ်စလင်များဝင်ရောက်မှု ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်ကာကွယ်ပြောဆို

ဇန်နဝါရီ ၂၆  ။               ။ ပြီးခဲ့သောဗုဒ္ဓဟူးနေ့ အနှောင်းပိုင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာကြီးဟာ ပရမ်းပတာနှင့် ကမောက်ကမ အခြေအနေမှာ ရှိနေသောကြောင့် မွတ်စလင်နိုင်ငံများမှ ဝင်ရောက်လာမည့် လူများကို ကန့်သတ် သွားမည့် သူ့ရဲ့ အစီအစဉ်အကြောင်း ပြောကြားခဲ့သည်။

အေဘီစီသတင်းဌာနနှင့် အင်တာဗျူး၌ ဒေါ်နယ်ထရမ့်က မွတ်စလင်ဘာသာဝင်များအပေါ် ပိတ်ပင်တားမြစ် သွားမည်ဆိုခြင်းမှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

ထရမ့်က “မွတ်စလင်ဘာသာဝင်များကို ပိတ်ပင်တားမြစ်သွားမှာလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အထိတ်တလန့် ဖြစ်ရာကိစ္စတွေ တပုံတခေါင်းရှိနေတဲ့နိုင်ငံမှ သူများကို တားမြစ်သွားမယ်လို့ ဆိုလိုတာဖြစ်ပါတယ်” ဟု ပြောခဲ့ သည်။

“ပြီးတော့ အဲ့ဒီ့နိုင်ငံက သူတွေဟာ ကျနော်တို့နိုင်ငံထဲကို ဝင်ရောက်လာပြီး အထိတ်လန့်ဖြစ်စရာကိစ္စ တပုံတခေါင်း ကြီးကိုဖြစ်ပွားစေမယ့် သူတွေဖြစ်ပါတယ်။ အခုတောင် အဲ့ဒီ ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့လူတွေ၊ ပြသနာအမှုအခင်း ဖြစ်စေမယ့်လူတွေကို ဝင်လာခွင့်မပြုခင်ကတည်းက ကျနော်တို့နိုင်ငံထဲမှာ ပြသနာတွေကများလှပါပြီ” ဟု ထရမ့် က ပြောခဲ့သည်။

ထရမ့်က သူမည့်သည့်နိုင်ငံများကို ဆိုလိုချင်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောဖို့ငြင်းဆန်ခဲ့သော်လည်း ဥရောပ ဟာ ဂျာမနီနိုင်ငံနှင့် အခြားနိုင်ငံများထဲသို့ အဲ့လိုလူများသန်းနဲ့ချီပြီး ဝင်ရောက်ခွင့်ပြုခဲ့ခြင်းမှာ ကြီးမားသောအမှား ကြီးတစ်ခုကိုကျူးလွန်ခဲ့တာဖြစ်ကြောင်းနှင့် ဒီလိုခွင့်ပြုခဲ့မှုကြောင့် ဥရောပမှာ ဘယ်လို ဘေးအန္တရာယ်တွေ ကျ ရောက်နေသလဲဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ပါဟု ပြောခဲ့သည်။

အမေရိကန်မီဒီယာများမှ ဖော်ပြခဲ့သော နိုင်ငံတော်အုပ်ချုပ်မှုဏ္ဍဥပဒေမူကြမ်းအရ စစ်ဘေးဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံမှ ဒုက္ခသည်များခေါ်ယူခြင်းကို အကန့်အသတ်မရှိ တားမြစ်သွားမှာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စု၏ ဒုက္ခသည်ဝင်ခွင့်ပြုခြင်း အစီအစဉ်ကိုလည်း ရက်ပေါင်း ၁၂၀ခန့်ဆိုင်းငံ့ထားမှာ ဖြစ်သ လို အကြမ်းဖက်ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည်ဟု ယူဆရသော အီရတ်၊ ဆီးရီးယား၊ အီရန်၊ ဆူဒန်၊ လစ်ဗျား၊ ဆိုမာလီယာနှင့် ယီမင်တို့ကဲ့သို့သောနိုင်ငံများမှ ဗီဇာလျှောက်ထားခြင်းများကိုလည်း ရက်ပေါင်း၃၀ခန့် ရပ်နားသွားမှာဖြစ်ကြောင်းသိရသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly