မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မုံရွာတွင် ဓာတ်ဆီဆိုင်များကို စစ်ဆေး

မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မုံရွာတွင် ဓာတ်ဆီဆိုင်များကို စစ်ဆေး

မုံရွာ၊ ဇန်နဝါရီ ၂၆။            ။ မုံရွာမြို့၏ မီးဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ပုဂ္ဂလိကဓာတ်ဆီဆိုင်ကြီးများကို လိုက်လံစစ်ဆေးနေကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

မုံရွာမြို့ဝန်းကျင်မှ ဆီဆိုင်တန်းများနှင့် ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေးလျှက်ရှိပြီး ဓာတ်ဆီဆိုင်ကြီးများကိုပါ တလက်စတည်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်တွေထဲကို စစ်နေရင်းနဲ့ ဆီဆိုင်တွေဘက်မှာ မီးလန့်မှုတွေဖြစ်လာလို့ ဆီဆိုင်တွေကိုပါ တခါတည်းစစ်လိုက်တာပါ" ဟု မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော် က ပြောသည်။

ယင်းသို့ ဓာတ်ဆီဆိုင်များကို စစ်ဆေးရာတွင် ဆီသိုလှောင်မှု စနစ်တကျရှိ မရှိစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်မှု အခြေအနေ၊ ဆီလှယ်ထည့်မှု စနစ်တကျရှိမရှိ တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပညာပေးမှုတွေကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်စစ်ဆေးခဲ့ ခြင်းဖြစ်ပြီး မအူဆီတန်း၊ ကျောက်ကာဆီတန်း၊ စသည့်ဆီဆိုင်တန်းများကို စစ်ဆေးခဲ့ပြီးကြောင်း ၎င်းကပြောသည်။

ကန့်ဘလူမြို့နယ်အတွင်းတွင် ယခုလ ဒုတိယပတ်အတွင်းက ဓာတ်ဆီဆိုင်ကြီး နှစ်ဆိုင်တွင် နှစ်ရက်ဆက်တိုက်မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly