မက္ကဆီကိုက ကိုလီမာမီးတောင်ကြီး ပေါက်ကွဲမှုဖြစ်၍ ပြာမှုန်များ လေးကီလိုမီတာအမြင့်ထိ မှုတ်ထုတ်

မက္ကဆီကိုက ကိုလီမာမီးတောင်ကြီး ပေါက်ကွဲမှုဖြစ်၍ ပြာမှုန်များ လေးကီလိုမီတာအမြင့်ထိ မှုတ်ထုတ်

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၂၆ ။         ။ မက္ကဆီကိုနိုင်ငံက မီးတောင်ရှင်များအနက် တစ်ခုဖြစ်သည့် ကိုလီမာမီးတောင်ကြီး ပေါက်ကွဲမှုဖြစ်ကာ ပြာမှုန်များ ဝေဟင် လေးကီလိုမီတာအထိ မှုတ်ထုတ်လျက်ရှိရာ တာဝန်ရှိသူများက ပြည်သူများ သတိဝီရိယထားကြရန် သတိပေးထားသည်။

အဆိုပါ မီတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီ ၄၉ မိနစ်က ဖြစ်ပွားခြင်းဖြစ်သည်။

ပြာမှုန်များ ကျဆင်းဖုံးလွှမ်းနိုင်ခြင်းကြောင့် ဒေသခံများအား အရပ်ဖက်ကာကွယ်ရေးရုံးတာဝန်ရှိသူများက သတိပေးထားသည်။

ပြာမှုန်များ လွင့်ပျံနေခြင်းကြောင့် မျက်လုံးနှင့် ပါးစပ်တို့ကို ကာကွယ်ရန်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများလည်း ကြုံနိုင်၍ တတ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်လည်း တိုက်တွန်းထားသည်။

“တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေကို ပိတ်ထားကြပါ။ တတ်နိုင်သလောက် ပြာမှုန်တွေ မဝင်နိုင်အောင် တံခါးအောက်ခြေ အဟကိုလည်း ကာရံထားကြပါ။ လေအေးပေးစက်တွေ၊ အခြောက်ခံစက်တွေ မသုံးကြပါနဲ့။”ဟု ဂျာလီစကိုပြည်နယ်အစိုးရက ကြေညာထားသည်။

ကိုလီမာမီးတောင်သည် ကိုလီမာပြည်နယ်နှင့် ဂျာလီစကိုပြည်နယ်ကြားတည်ရှိသည့် မီးတောင်ရှင်ဖြစ်သည်။ ၂၀၁၅ ဇူလိုင်မှစကာ ပေါက်ကွဲမှုများ မကြာခဏဖြစ်လာခဲ့ပြီး အနီးဝန်းကျင်က ဒေသခံများ ရံခါဆိုသလို နေရပ်ပြောင်းရွှေ့မှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags