အိုဘားမား ပိတ်ပင်ထားသည့် ရေနံပိုက်လိုင်းစီမံကိန်းနှစ်ခု ပြန်လည်ဖော်ဆောင်ရန် အမိန့်ညွှန်ကြားချက် ဒေါ်နယ်ထရမ့် လက်မှတ်ထိုး

အိုဘားမား ပိတ်ပင်ထားသည့် ရေနံပိုက်လိုင်းစီမံကိန်းနှစ်ခု ပြန်လည်ဖော်ဆောင်ရန် အမိန့်ညွှန်ကြားချက် ဒေါ်နယ်ထရမ့် လက်မှတ်ထိုး

ဇန်နဝါရီ ၂၅ ။                  ။ ယခင် သမ္မတ ဘရက်ခ် အိုဘားမားလက်ထက်က ပယ်ချထားခဲ့သည့် အငြင်းပွားရေနံပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းနှစ်ရပ်ကို ပြန်လည်ဖော်ဆောင်နိုင်ရေး ဆွေးနွေးရန် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်လိုက်သည်။

ယခုအခါ ယင်းစီမံကိန်းနှစ်ရပ်အတွက် ပြန်လည်ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ ပြန်လည်လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ပင်လယ်ကွေ့ရှိ အမေရိကန်ရေနံချက်စက်ရုံများဆီသို့ ကနေဒါနိုင်ငံမှ ရေနံစိမ်း သယ်ဆောင်မည့် Keystone XL ပိုက်လိုက်စီမံကိန်း၊ မြောက် Dakota ပြည်နယ်တွင် ဖြတ်သန်းသွားမည့် အငြင်းပွားရေနံပိုက်လိုင်းစီမံကိန်း တို့ကို ပြန်လည်ဖော်ဆောင်နိုင်ရေးလုပ်ဆောင်ရန် ထရမ့်က မီးစိမ်းပြလိုက်ခြင်း ဖြစ်သည်။

Keystone XL စီမံကိန်းအရ အမေရိကန်ပြည်နယ်ခြောက်ခုကိုဖြတ်ကာ မိုင် ၁,၂၀၀ နီးပါး ဖြတ်သန်းသွယ်တန်းသွားရန် ရှိနေသည်ဟုလည်း သိရသည်။

သမ္မတ အိုဘားမားလက်ထက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှု အခြေအနေများကြောင့် ပယ်ချထားခဲ့သည့် စီမံကိန်းများကို သမ္မတသစ် ထရမ့်က ပြန်လည်ဖော်ဆောင်ရန် စီစဉ်လာခြင်းလည်းဖြစ်သည်။

သို့သော် ယခုစီမံကိန်းနှစ်ရပ် ပြန်လည်ဖော်ဆောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးစရာများစွာ ရှိသေးကြောင်း ထရမ့် က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly