ကပ်ဘေးတစ်ခုသဖွယ် အကြီးအကျယ် တောမီးလောင်မှု ကြံုနေသည့် ချီလီနိုင်ငံအား ပြည်ပနိုင်ငံများကပါ အကူအညီ ပေးနေရ

ကပ်ဘေးတစ်ခုသဖွယ် အကြီးအကျယ် တောမီးလောင်မှု ကြံုနေသည့် ချီလီနိုင်ငံအား ပြည်ပနိုင်ငံများကပါ အကူအညီ ပေးနေရ

ဆန်တီယာဂို၊ ဇန်နဝါရီ ၂၅ ။                 ။ ချီလီနိုင်ငံတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိနေရာ ပြည်ပနိုင်ငံများက အကူအညီနှင့် မီးသတ်အင်အား စေလွှတ်ကူညီပေးလျက်ရှိနေရပြီး ချီလီသမ္မတက နိုင်ငံတွင် အဆိုးဆုံးကြုံနေရသည့် ယင်းတောမီးအရေးအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ရန်ပုံငွေ တိုးချဲ့သုံးစွဲရန် အမိန့်ထုတ်သည်။

နိုင်ငံအလယ်ပိုင်းတွင် ယင်းတောမီးကြောင့် ဟတ်တာ ၁၅၅၀၀၀ ပျက်စီးပြီး လူပေါင်း ၄၀၀၀ နီးပါး နေရပ်ပြောင်းရွှေ့ရကြောင်း အမျိုးသားသဘာဝဘေးရုံးက ပြောသည်။

မီးဘေးသင့်ရာဇုန်သို့ လာရောက်ကြည့်ရှုသည့် သမ္မတ မီရှယ်ဘာရှလိတ်က သူမအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို မီးငြှိမ်းသတ်ရာတွင် နောက်ထပ်ဖြည့်စည်းမှုများလုပ်ဆောင်ရန်နှင့် မီးဘေးသင့်ပြည်သူများအတွက် အကူအညီများပေးရန် အမိန့်ထုတ်ထားကြောင်း ပြောသည်။

အဆိုပါ တောမီးကို အရေးပေါ်မီးသတ်အင်အား ၄၀၀၀ ဖြင့် ငြှိမ်းသတ်နေရပြီး ဇန်နဝါရီ ၂၄ ရက်အထိ မီးလောင်ရာ နေရာ ၃၆ နေရာရှိနေကြောင်း အရေးပေါ်ရုံးက ပြောသည်။

နိုင်ငံအတွက် အရေးပေါ် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာရန်ရှိနေသည့် အဆိုပါ တောမီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်ရေးတွင် အကူအညီပေးရန် ပြင်သစ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ရောက်နေပြီဖြစ်ကြောင်းလည်း သမ္မတ ဘာရှလိတ်က ဆိုသည်။

အဆိုပါ တောမီးမှာ နိုင်ငံအလယ်ပိုင်း လူနည်းအတန်ငယ်ထူထပ်သည့် ကျေးလက်ဒေသပိုင်းတွင် လောင်ကျွမ်းနေခြင်းဖြစ်သည်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အမေရိကန်က အမေရိကန်ဒေါ်လာ တစ်သိန်း အကူအညီပေးထားကာ မက္ကဆီကိုကလည်း မီးသတ်အင်အား စေလွှတ်ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags