ဂျပန်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးအား ခေတ်မှီတိုးတက်စေရန်အတွက် ဂြိုလ်တုတစ်ခုလွှတ်တင်

ဂျပန်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးအား ခေတ်မှီတိုးတက်စေရန်အတွက် ဂြိုလ်တုတစ်ခုလွှတ်တင်

မြောက်ကိုရီးယား၏ ဒုံးကျည်လွှတ်တင်မှုများကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ရေးအတွက်နှင့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးအား ပိုမိုခေတ်မှီတိုးတက်လာစေရန်အတွက် ယနေ့အင်္ဂါနေ့တွင် ဂျပန်နိုင်ငံမှ ဂြိုလ်တုတစ်လုံး လွှတ်တင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးက ကီရာမီကီ-၂အမည်ရှိအဆိုပါဂြိုလ်တုဟာ ကြည်းတပ်၊ရေတပ်နှင့် လေတပ်မှအဖွဲ့များကြား တစ်ဖွဲ့နှင့်တစ်ဖွဲ့တိုက်ရိုက်ဆက်သွယ်နိုင်ရန်အထောက်အကူပြုပေးသွားမှာဖြစ်ကြောင်း ပြောခဲ့သည်။

“ကျနော်တို့ဟာများပြားလှတဲ့သတင်းအချက်အလက်များကို ပိုမိုမြန်ဆန်စွာဖလှယ်သွားနိုင်မှာပါ” ဟုအရာရှိမှ ပြောခဲ့သည်။

“ ဝန်ကြီးဌာနမှလက်ရှိအသုံးပြုနေသောအရပ်ဖက်ဂြိုလ်တုများရဲ့လုပ်နိုင်စွမ်းနှင့်မြန်နှုန်းကန့်သတ်ချက်တို့ ကြောင့် လောလောဆယ်မှာ ကျနော်တို့ဟာသတင်းအချက်အလက်တွေကို အသံဖိုင်နှင့်ဖက်စ်တို့ကိုအသုံးပြုပြီး မျှဝေနေရတာတာပါ” ဟု သူကဆက်ပြောခဲ့သည်။

မီးပန်းဟုအဓိပ္ပါယ်ရသောအဆိုပါဂြိုလ်တုကို H-IIA ဒုံးပျံကတင်ဆောင်လာခဲ့ပြီး ဒေသစံတော်ချိန် ၄:၄၄ နာရီ၌ တာနီဂါရှိမာတောင်ပိုင်းရှိကျွန်းမှလွှတ်တင်ခဲ့သည်။

ဇန်နဝါရီ ၂၄

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly