အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို အက်ဖ်အေစွဲချက်တင်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို အက်ဖ်အေစွဲချက်တင်

ဇန်နဝါရီ ၂၄၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းက ဘန်လေအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ကွင်းလယ်ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့ပြီး စတုတ္ထဒိုင်လူကြီးကို တွန်းခဲ့သည့် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးကို အက်ဖ်အေက စွဲချက်တင်လိုက်ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် အာဆင်ဝင်းဂါးသည် နာကျင်အချိန်ပို ၇ မိနစ်ပေးခဲ့ခြင်းနှင့် ၉၃ မိနစ်တွင် ဘန်လေအသင်းဘက်သို့ ပင်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို စောဒကတက်   ပြောဆိုခဲ့ခြင်းကြောင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ထိုအချိန်တွင် ၎င်းကို ကွင်းအတွင်းမှ ထွက်ခွာသွားရန် ပြောဆိုသည့် စတုတ္ထဒိုင်လူကြီးအန်တိုနီတေလာနှင့် စကားများခဲ့ပြီး ဒိုင်ကို တွန်းထိုးခဲ့ခြင်းဖြစ်သည်။

အသက် ၆၇ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် ထိုလုပ်ရပ်များအတွက် နောင်တရမိကြောင်းပြောဆိုခဲ့ပြီး ပြန်လည်တောင်းပန်ထားသည်။

'အခုစွဲချက်တင်လိုက်တာက ၉၂ မိနစ်မှာ အကူဒိုင်လူကြီးကို အာစင်ဝင်းဂါးက စွပ်စွဲစော်ကားတဲ့စကားလုံးတွေပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။ ပြီးတော့ ကွင်းအတွင်းက ထွက်ခွာသွားဖို့ ညွှန်ကြားခဲ့တာကို ဥမင်ထိပ်မှာပဲ ရပ်နေခဲ့ပြီး အကူဒိုင်လူကြီးကို တွန်းထိုးခဲ့တာကြောင့်လည်း စွဲချက်တင်ခဲ့တာဖြစ်ပါတယ်' ဟု အက်ဖ်အေ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၁၂ ခုနှစ်က ယခုကဲ့သို့ အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သည့် နယူးကာဆယ်နည်းပြဟောင်း အလန်ပါဂျူးမှာ ဒဏ်ငွေ ပေါင်နှစ်သောင်းနှင့် ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly