ရွေးကောက်ပွဲ စောစီးစွာ ကျင်းပရေးအတွက် ဗင်နီဇွဲလားအတိုက်အခံများ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆို

ရွေးကောက်ပွဲ စောစီးစွာ ကျင်းပရေးအတွက် ဗင်နီဇွဲလားအတိုက်အခံများ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆို

ဇန်နဝါရီ ၂၄ ။              ။ နိုင်ငံရေးအကျပ်အတည်းများအောက် ကျရောက်နေသည့် ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတ နီကိုလပ်စ် မာဒူရို အားဆန့်ကျင်သည့် အတိုက်အခံ ဆန္ဒပြသူများသည် ဇန်နဝါရီ ၂၃ ရက်က မြို့တော် Caracas ရှိလမ်းများပေါ်သို့ ထွက်လာကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းများ နက်ရှိုင်းသထက် နက်ရှိုင်းလာချိန် သမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ရေးအတွက် ရွေးကောက်ပွဲများ စောစီးစွာ ကျင်းပပေးရေး အတိုက်အခံများဘက်က   တောင်းဆိုနေလျက်ရှိသည်။

သမ္မတမာဒူရိုဘက်ကလည်း ယခုလ အစောပိုင်းက အတိုက်အခံများကို ဖမ်းဆီးနှိမ်နင်းခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုတစ်ဖန် ပထမဆုံးအကြိမ်အနေဖြင့် အတိုက်အခံများဘက်က လမ်းများပေါ်သို့   ပြန်လည်စုရုံးရောက်ရှိဆန္ဒပြလာကြခြင်းလည်း ဖြစ်သည်။

တောင်အမေရိက ရေနံတင်ပို့သူ နိုင်ငံ၌ တင်းမာမှုများ မြင့်တက်လာချိန် ယခုကဲ့သို့ ဆန္ဒုပြပွဲများ အချိန်ကိုက်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ လက်ရှိအခြေအနေများအရ ယင်းနိုင်ငံတွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ရှားပါးပြတ်လတ်နေလျက်ရှိခြင်းကြောင့်လည်း ပြီးခဲ့သည့်လအနည်းငယ်အတွင်းမှာပင် ခိုးဆိုးလုယက်မှုဖြစ်စဉ်များလည်း ထူပြောခဲ့သည်ကို   တွေ့ခဲ့ရသည်။

ယခု ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့များက အတိုက်အခံဆန္ဒပြသူဦးရေ ၂,၀၀၀ ခန့်ကို မြို့တော်ရှိ အမျိုးသားရွေးကောက်ပွဲဘုတ်အဖွဲ့ ဌာနချုပ်ရုံးသို့ ချီတက်သွားလာနေခြင်းမှ ဟန့်တား တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

" ကျွန်မ ဒီမှာ ဝင်ပါရတာက ရွေးကောက်တွေ ပြန်ကျင်းပစေချင်လိုပါပဲ" ဟု ပါဝင်ချီတက်ခဲ့သူတစ်ဦးဖြစ်သည့် အသ်က ၆၃ နှစ်အရွယ် အငြိမ်းစားသူနာပြုတစ်ဦးက ပြောသည်။

" ခုလိုလုပ်တာကမှ ဒီအစိုးရက ဖြုတ်ချနိုင်မယ့်အကောင်းဆုံးနည်းလမ်းပါ၊ ရွေးကောက်ပွဲတွေ ပြန်ကျင်းပရပါမယ်၊ အစိုးရကြောင့် ခုလို ဆိုးရွားတဲ့အခြေအနေတွေအောက် ရောက်နေခဲ့တာပါ" ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags