၀က်စ်ဟမ်းကွင်းလယ်လူ ပေယက်ကို ခေါ်ယူရန် မာဆေးလ်အသင်း တတိယအကြိမ် ကမ်းလှမ်း

၀က်စ်ဟမ်းကွင်းလယ်လူ ပေယက်ကို ခေါ်ယူရန် မာဆေးလ်အသင်း တတိယအကြိမ် ကမ်းလှမ်း
 

ဇန်နဝါရီ ၂၄၊ အင်္ဂလန် ။              ။ ပြင်သစ်ကလပ်မာဆေးလ်အသင်းသည် ဝက်စ်ဟမ်းအသင်း၌ မပျော်မရွှင်ဖြစ်နေသည့် ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေယက်ကိုခေါ်ယူရန် တတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်လိုက်သည်။

မာဆေးလ်မှာ တတိယအကြိမ်ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း မူလပြောင်းရွှေ့ကြေးထက် ယူရို ၁ သန်း(ပေါင် ၈၆၀,၀၀၀)သာ တိုးမြှင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ မာဆေးလ်အသင်းသည် ပေယက်အတွက် ပထမဆုံး ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ဒုတိယအကြိမ်တွင် ပေါင် ၂၂ သန်းဖြင့် ကမ်းလှမ်းခဲ့သည်။

ဝက်စ်ဟမ်းအသင်းဘက်က မာဆေးလ်အသင်း၏ကမ်းလှမ်းမှု သုံးကြိမ်စလုံးကို ပယ်ချထားပြီး ပေါင်သန်း ၃၀ ရရှိမှသာ ဆွေးနွေးမည်ဟု ပြောဆိုထားသည်။

လက်ရှိအချိန်တွင် ပေယက်၏အေးဂျင့်နှင့် မာဆေးလ်အသင်းဥက္ကဋ္ဌတို့မှာ ဝက်စ်ဟမ်းဥက္ကဋ္ဌ ဆူလီဗန်နှင့်ဆွေးနွေးရန် လန်ဒန်မြို့သို့ ရောက်ရှိနေကြသည်။ ပေယက်မှာ နည်းပြဘီလစ်၏အသင်းအတွက် ကစားပေးရန် ငြင်းဆန်ထားသည့်အတွက် ဝက်စ်ဟမ်းအသင်းအာဏာပိုင်များမှာ စိတ်ပျက်လျက်ရှိနေကြသည်။

ပေယက်မှာ လက်ရှိတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၂၅,၀၀၀ ရရှိနေပြီး ဝက်စ်ဟမ်းအသင်းတွင် လစာငွေအများဆုံးရရှိနေသူဖြစ်သည်။ မာဆေးလ်အသင်းအနေဖြင့် အဆိုပါလစာငွေ ပမာဏကို ပေးချေနိုင်ဖွယ်မရှိကြောင်း မီဒီယာများက သုံးသပ်ထားကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags