ခက်ခဲကြမ်းတမ်းမှုများနှင့် စတင်ခဲ့သည့် ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ခက်ခဲကြမ်းတမ်းမှုများနှင့် စတင်ခဲ့သည့် ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဇန်နဝါရီ ၂၃ ။                ။ ယနေ့တနင်္လာနေ့တွင် ကာဇတ်စတန်နိုင်ငံမြို့တော် အက်စတာနာမြို့၌ ဆီးရီးယားသူပုန်များနှင့် စစ်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေသောနိုင်ငံ၏ အစိုးရအဖွဲ့တို့   ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့သော်လည်း အစည်း အဝေး၏ပထမပိုင်းကို မျက်နှာချင်းဆိုင်တွေ့ဆုံညှိုနှိုင်းသွားရန် ငြင်းဆန်ခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုသည် ပဋိပက္ခများစတင်ပေါ်ပေါက်ခဲ့သော၂၀၁၁ခုနှစ်ကတည်းက လက်နက်ကိုင်သူပုန်အုပ်စု များနှင့်သမ္မတဘာရှာအယ်လ်အာဆက်၏အစိုးရအဖွဲ့ကြား ပထမဦးဆုံးအကြိမ်အဖြစ် ညှိုနှိုင်းဆွေးနွေးခြင်း ဖြစ်သည်။

သို့သော်လည်းသူပုန်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ယဲယာအယ်လ်အာရီဒီက အေအက်ဖ်ပီအား အတိုက်အခံအဖွဲ့ သည်တိုက်ရိုက်ဆွေးနွေးမည့်သဘောတူညီချက်အား အစိုးရအဖွဲ့က   မြို့တော် ဒမားစကတ်အနီးရှိ နေရာများအား လက်နက်ကြီးများဖြင့်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သောကြောင့် ပယ်ချက်ခဲ့ရသည်ဟု ပြောခဲ့သည်။

“အစည်းအဝေးရဲ့ပထမအပိုင်းကိုမျက်နှာချင်းဆိုင်ဆွေးနွေးသွားမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အစိုးရဟာဒီဇင်ဘာ၃၀ရက်ကရေးထိုးခဲ့တဲ့သဘောတူညီချက်အပေါ်အခုအချိန်အထိလိုက်နာခြင်းမရှိသေးလို့ပါ”ဟု အာရီဒီကပြောခဲ့ပြီး တူရီကီနှင့်ရုရှားတို့မှကြားဝင်ညှိုနှိုင်းပေးခဲ့သောအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရည်ညွှန်းပြောဆိုသွားခဲ့သည်။

အဖွဲ့နှစ်ဖွဲ့ကြား တိုက်ရိုက်စေ့စပ်ညှိုနှိုင်းမှုပြုလုပ်နိုင်မလားဆိုသည့်အချက်အားယခုအချိန်အထိရှင်းရှင်းလင်းလင်း မဖြစ်သေးကြောင်းသိရသည်။

အက်စတာနာမြို့သို့ လာရောက်ဆွေးနွေးသော အဖွဲ့ဝင်၁၄ဦးပါဝင်သည့် အတိုက်အခံကိုယ်စားလှယ်အဖွဲ့သည် လက်နက်ကိုင်ပုန်ကန်မှုကို ဦးဆောင်ခဲ့သောသူပုန်များနှင့် အကြံပေးများအဖြစ် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံရေးအတိုက်အခံအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

တံခါးပိတ်ဆွေးနွေးပွဲ မစခင်တွင် ကာဇတ်စတန်နိုင်ငံခြားရေးဝန်ကြီး၏ အဖွင့်ကြေညာချက်ကိုနားထောင်ရန် အတွက် အစည်းအဝေးခန်းမထဲသို့ နှစ်ဖက်မှ ကိုယ်စားလှယ်များ ဝင်ရောက်ခဲ့ကြသည်။ ဒါ့အပြင်နှစ်ဖွဲ့စလုံးသည် သူတို့ကိုယ်ပိုင်ရည်ရွယ်ချက်၊ယူဆချက်များနှင့်အတူရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

သူပုန်အဖွဲ့က ယခုဆွေးနွေးပွဲသည်အပစ်အခတ်ရပ်စဲရေးအတွက်အဓိကထားဆွေးနွေးသွားမည်ဟုပြောခဲ့သော် လည်း အာဆက်အစိုးရအဖွဲ့က သူပုန်အဖွဲ့အားလက်နက်ချပြီး လွတ်ငြိမ်းချမ်းသာရေး သဘောတူညီချက်နှင့် ဖလှယ်သွားရန် မရမက တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly