ဟောင်ကောင်တက္ကသိုလ် နယ်မြေအနီး၌ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတွေ့ရှိသောကြောင့် လူဒါဇင်နှင့်ချီ၍ ပြောင်းရွှေ့ခဲ့ရ

ဟောင်ကောင်တက္ကသိုလ် နယ်မြေအနီး၌ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတွေ့ရှိသောကြောင့် လူဒါဇင်နှင့်ချီ၍ ပြောင်းရွှေ့ခဲ့ရ

ဇန်နဝါရီ ၂၃ ။                ။ ဟောင်ကောင်တက္ကသိုလ်နယ်မြေနှင့်ဝန်ထမ်းရိပ်သာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဒုတိယကမ္ဘာ စစ်မှလက်ကျန်ဗုံးတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့သောကြောင့် လူဒါဇင်ပေါင်းများစွာကို ယနေ့တနင်္လာနေ့တွင် ဘေးကင်းရာသို့ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။

ဒေသတွင်းသတင်းဝက်ဘ်ဆိုက် Apple Daily ၏သတင်းတင်ပြချက်အရ ပို့ခ်ဖုလမ်လမ်းမကြီး၏အောက်တွင်   ပေါင်၅၀၀ရှိသော အမေရိကန်လုပ်ဗုံးတစ်လုံးအား   တွေ့ရှိခဲ့ရသောကြောင့်   ဆောက်လုပ်ရေး လုပ်သားများနှင့်တကွ တက္ကသိုလ်ခန်းမအတွင်း နေထိုင်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဆက်လက်ပြီးအဆိုပါသတင်းတင်ပြချက်အရ ယနေ့တနင်္လာနေ့ညနေခင်းတွင် တွေ့ရှိခဲ့သောဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာထဲ၌ အဆိုပါဗုံးအားဖောက်ခွဲပစ်မည်ဖြစ်ကြောင်းသိရသည်။

ဒုတိယကမ္ဘာစစ်တွင်းတုန်းက ဂျပန်တပ်များနှင့် ဗြိတိန်မဟာမိတ်တပ်များကြားဖြစ်ပွားသောတိုက်ပွဲများမှမပေါက် ကွဲဘဲကျန်ရှိနေသော ဗုံးများနှင့်လက်ပစ်ဗုံးများကို တရုတ်တောင်ပိုင်းမြို့တွင်   တောင်တက်သမားများနှင့် ဆောက်လုပ်ရေးလုပ်သားများက မကြာခဏတွေ့ရှိလေ့ရှိ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags