အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် သရီစာမေနှင့် မက္ကဆီကိုသမ္မတအင်းနရစ်ပီနာနီရက်တို့ကို မကြာခင်မှာတွေ့ဆုံသွားရန် စီစဉ်နေပြီး အမေရိကန်ရဲ့နှစ်ရှည်ကြာမဟာမိတ်ဖြစ်သော ထိုနှစ်နိုင်ငံကလည်း ထရန့်သမ္မတဖြစ်လာခြင်းဟာ ၎င်းတို့နှင့်အမေရိကန်ရဲ့ဆက်ဆံရေးကိုဘယ်လိုအကျိုးသက်ရောက်စေမလဲ ဆိုတာ စိတ်ဝင်စားနေကြသည်။
ထရမ့်ဟာ လာမည့် သောကြာနေ့တွင် ဝါရှင်တန်၌ သရီစာမေနှင့်တွေ့ဆုံသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာက ပြီးခဲ့သောစနေနေ့တွင်ပြောခဲ့သည်။
အဆိုပါတွေ့ဆုံမှုဟာ လက်ဦးက ထရမ့်ရဲ့အစိုးရအဖွဲ့အသစ်နှင့်ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းနေသော သရီစာမေအတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံကြား အထူးကောင်းမွန်သော ဆက်ဆံရေးတစ်ခု အတွက်ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။
ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာခြင်းအပေါ် ထောက်ခံအတည်ပြုပေးခဲ့သော ထရမ့်က သရီစာမေကို ဝေဖန်သူ နိုင်ဂျယ်ဖာရေ့ဂျ်နှင့်မိတ်ဆွေတွေဖြစ်ကြပြီး သူက ဗြိတိန်နှင့်အတူနှစ်ဦးနှစ်ဖက်ပါဝင်သော မြန်ဆန်သည့် ကုန်သွယ်ရေးသဘောတူညီချက်ကို စီစဉ်လိုကြောင်း ပြောခဲ့သည်။
သရီစာမေ၏ အစိုးရအဖွဲ့ကမူ မှတ်ချက်ပေးဆိုရန်ငြင်းဆန်ခဲ့သည်။
မက္ကဆီကိုသမ္မတ ပီနာနီရက်တိုနှင့် ထရမ့်တို့သည် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့၌တွေ့ဆုံသွားရန် စနေနေ့က ဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ စပိုက်ဆာက မက္ကဆီကိုသမ္မတ ပီနာနီရက်တိုနှင့် ထရမ့်တို့၏ လုံခြုံရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုအပေါ်ဆွေးနွေးခြင်း အစီအစဉ်တွင် ကုန်သွယ်ရေးကိစ္စလည်း ပါဝင်မည်ဟု ဆိုသည်။
ထရမ့်က သူဟာ အမေရိကန်အလုပ်သမားများမြှင့်တင်ရေးအတွက် ကနေဒါနှင့်မက္ကဆီကိုတို့နှင့်အတူ ၁၉၉၄ ခုနှစ်တုန်းကလက်မှတ်ရေးထိုးထားသော မြောက်အမေရိကန်လွပ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်အား ပြန်လည်ညှိနှိုင်းသွားချင်ကြောင်းဆိုသည်။
ဒါ့အပြင်ပြီးခဲ့သောစနေနေ့က ထရမ့်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုလည်း ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး လာမည့်ရက်များတွင် တွေ့ဆုံဆွေးနွေးရန် တိုင်ပင်ခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ စပိုက်ဆာက ပြောသည်။
Ref: Reuters