မကွေးကားကွင်းအနီး စွန့်ပစ်ခံရသည့် ရက်သားအရွယ် ကလေးငယ်ကို မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့

မကွေးကားကွင်းအနီး စွန့်ပစ်ခံရသည့် ရက်သားအရွယ် ကလေးငယ်ကို မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့

မကွေးမြို့ ကားကွင်းအနီးတွင် ရက်သားအရွယ် ကလေးငယ်တစ်ဦးအား စွန့်ပစ်ထားသည်ကို ဇန်နဝါရီ ၂၂ရက် နံနက် ၇နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်အား မကွေးမြို့ရှိ သဒ္ဓါရှင် ရှင်သန်မှုကူညီရေးအဖွဲ့မှ ဦးဆောင်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး မကွေးတိုင်းဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သဒ္ဒါရှင် ရှင်သန်မှုကူညီရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးနေမိုးဆွေကျော်က ပြောသည်။

"ကလေးကို အောင်မင်္ဂလာ အင်ဂျင်နှင့် စက်ပစ္စည်းဆိုင်မျက်နှာချင်းဆိုင် ဇီးပင်အောက်မှာ လာရောက်စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့မှ ကလေးကို သွားရောက်ကြည့်ရှုခဲ့တဲ့အခါ ကလေးက ကိုယ်အပူချိန်ကျနေပြီး အေးစက်နေတယ် နှုတ်ခမ်းတွေပါ ပြာနှမ်းနေတာတွေ့ခဲ့ရပါတယ်။ ကျွန်တော်က နယ်မြေရဲစခန်းကို အကြောင်းကြားပြီး ကလေးမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်နေကြောင်း ကလေးအားဆေးရုံသို့ ပို့ဆောင်ပေးထာမည်ဖြစ်ကြောင်းနဲ့ ဆေးရုံလိုပ်ခဲ့ဖို့ အကြောင်းကြားခဲ့ပါတယ်" ဟု သဒ္ဓါရှင် ရှင်သန်မှုကူညီရေးအဖွဲ့ ဘဏ္ဍာရေးမှူ း ဦးနေမိုးဆွေကျော်က မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly