သီပေါမြို့အနီး လ္ဘက်ခြံရှင်းစဉ် မိုင်းပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

သီပေါမြို့အနီး လ္ဘက်ခြံရှင်းစဉ် မိုင်းပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ အနောက်မြောက်ဘက်ရှိ မန်လွယ်ကျေးရွာတွင် ဇန်နဝါရီ ၂၁ရက် နံနက်က ကိုယ်ပိုင် လ္ဘက်ခြံအား ရှင်းလင်းစဉ် ဒေသမိုင်း ၁လုံး ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး   သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် နန်းအေးဦးနှင့် မနန်းအေးနောင့် တို့မှာ ကျောပြင်/ ဝဲခြေထောက် / လက်မောင်း/ ယာနံစောင်း ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး မနန်းဆိုင်ဟွမ် ၁၃ နှစ် မှာ ဝဲလက်မောင်း ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၂၀အရွယ် မနန်းအေးဦးဖြစ်ပြီး သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ထိခိုက်ဒဏ်ရာ ပြင်းထန်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် မနန်းအေးနောင့်ကိုလည်း လားရှိုးပြည်သူ့ဆေး ရုံကြီးသို့ ပြောင်းရွှေ့ ပို့ဆောင်ကုသလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly