စီရော်နယ်ဒိုနှင့်ဘင်ဇီမာကို စိတ်ရှည်အားပေးကြရန် ပရိသတ်များကို ဇီဒန်းတိုက်တွန်း

စီရော်နယ်ဒိုနှင့်ဘင်ဇီမာကို စိတ်ရှည်အားပေးကြရန် ပရိသတ်များကို ဇီဒန်းတိုက်တွန်း

ဇန်နဝါရီ ၂၂၊ မက်ဒရစ်။            ။ မာလာဂါကို ၂-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ခြေစွမ်းမပြနိုင်သည့် စီရော်နယ်ဒိုနှင့် ဘင်ဇီမာတို့အပေါ် စိတ်ရှည်အားပေးကြရန် ရီးယဲလ်မက်ဒရစ်ပရိသတ်များကို နည်းပြဇီဒန်းက တိုက်တွန်းလိုက်သည်။

ကြားရက်တွင် ကစားသော ဆယ်လ်တာဗီဂိုနှင့်ပွဲတွင်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့သည့် စီရော်နယ်ဒိုသည် စနေနေ့၊ မာလာဂါနှင့်ပွဲ တွင် ဂိုးသွင်းခွင့်များကိုဖြုန်းတီးခဲ့ပြီး ဘင်ဇီမာသည်လည်း ပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။

စိတ်ပျက်စရာကောင်းနေသည့် တိုက်စစ်ပိုင်းနှင့် ပတ်သက်ပြီး ဇီဒန်းကပြောဆိုရာတွင် ပရိသတ်များအနေဖြင့် ယင်းကစားသမား နှစ်ယောက်ဘက်မှ ရပ်တည်ပေးသင့်ကြောင်း တိုက်တွန်းခဲ့သည့်အပြင် ဒဏ်ရာပြဿနာများက စိုးရိမ်စရာပိုကောင်းလာပြီဟုလည်း ပြောသည်။

“ကျွန်တေ်တို့ ဂိုးရဖို့ခက်ခက်ခဲခဲရှာဖွေနေရပြီး ပြိုင်ဘက်တွေက ကျွန်တော်တို့ကိုချေမှုန်းဖို့လုပ်နေကြတယ်။ ကျွန်တော်တို့ စိတ် သက်သက်သာသာဖြစ်ဖို့နဲ့ အနားယူဖို့လိုတယ်။

တိုက်စစ်ပိုင်းက ဘင်ဇီမာနဲ့ စီရော်နယ်ဒိုတို့ဂိုးရဖို့အတွက်လည်း ကျွန်တော်တို့စိတ်ရှည်ရမယ်။ နောက်ဆုံးပွဲတွေမှာမဟုတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်မစိုးရိမ်ပါဘူး။

ကျွန်တော်တို့ ဂိုးသွင်းခွင့်တွေ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဂိုးဆိုတာကလည်း မဆိုးပါဘူး။ မျှတပါတယ်။ ကျွန်တော်တို့ အရင်လိုပဲ ဆက်ကြိုးစားသွားရမယ်။ ခြုံပြောရရင်တော့ ရလဒ်ကောင်းတစ်ခုပါ။

အခက်အခဲကာလကိုကြုံရတဲ့အခါ ပရိသတ်တွေအနေနဲ့ စိတ်အေးအေးထားပြီး အသင်းကိုထောက်ခံအားပေးကြပါ။ စိတ်အေးအေးထားကြပါလို့ပဲ လူတိုင်းကိုကျွန်တော်တောင်းဆိုနိုင်ပါတယ်။

ပရိသတ်တွေကတော့ အမြဲတမ်းပိုပြီးတောင်းဆိုကြမှာပါပဲ။ အဲဒါကိုသိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ကစားသမားတွေနဲ့ နည်းပြတွေဟာ ပရိသတ်တွေရဲ့မေတ္တာကို ပိုလိုအပ်တတ်ကြပါတယ်”ဟု ဇီဒန်းက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly