သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ကန့်ကွက်သည့် ကမ္ဘာလုံးဆိုင်ရာဆန္ဒပြမှု အမျိုးသမီးထု ချီတက်ပွဲနေ့ကို သြစတြေးလျနှင့် နယူးဇီလန်တို့တွင် ပွဲဦးထွက်စတင်

သမ္မတသစ် ဒေါ်နယ်ထရမ့်ကို ကန့်ကွက်သည့် ကမ္ဘာလုံးဆိုင်ရာဆန္ဒပြမှု အမျိုးသမီးထု ချီတက်ပွဲနေ့ကို သြစတြေးလျနှင့် နယူးဇီလန်တို့တွင် ပွဲဦးထွက်စတင်

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၂၁ ။              ။ အမေရိကန်နိုင်ငံ၏ သမ္မတသစ် ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ကန့်ကွက်သည့် ကမ္ဘာလုံးဆိုင်ရာဆန္ဒပြသမှုအဖြစ် အမျိုးသမီးထုချီတက်ပွဲကို သြစတြေးလျနှင့် နယူးဇီလန်တို့က ဇန်နဝါရီ ၂၁ ရက်တွင် စတင်လိုက်ပြီဖြစ်သည်။

သမ္မတသစ်ဒေါ်နယ်ထရမ့်အား ဆန့်ကျင်မှုအဖြစ် ဇန်နဝါရီ ၂၁ ရက်တွင် အမျိုးသမီးထုချီတက်ပွဲနေ့အဖြစ် သတ်မှတ်ကာ ကမ္ဘာ့အနှံ့ ဆန္ဒပြမှုများကို စီစဉ်ထားကြခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာဆိုပွဲကို တုံ့ပြန်မှုအဖြစ် သြစတြေးလျနှင့် နယူးဇီလန်တို့က ပြည်သူထောင်ပေါင်းများစွာက စတင်ပြီး လမ်းပေါ်ထွက်ချီတက်ခြင်းဖြင့် ပွဲဦးထွက်ဖွင့်လှစ်လိုက်သည်။

ဆစ်ဒနီတွင် ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးများ လမ်းလျှောက်ချီတက်ကြသကဲ့သို့ မဲလ်ဘုန်းတွင်လည်း အလားတူဦးရေလောက် အမျိုးသား၊ အမျိုးသမီးများ ချီတက်ဆန္ဒပြကြောင်း အေအက်ဖ်ပီသတင်းထောက်များကပြောသည်။

နယူးဇီလန်၏ မြို့တော် ဝဲလ်လင်တန်နှင့် အော့ကလန်မြို့တို့တွင်လည်း ဆန္ဒပြအင်အား ရာပေါင်းများစွာရှိသည်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ဆန္ဒြုပမှု အကြီးဆုံးဖြစ်လိမ့်ဖြစ်ကာ အင်အား နှစ်သိန်းကျော်ထက်မနည်းရှိလာလိမ့်မည်ဟု ခန့်မှန်းရသည်။

အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် တစ်ယူသန်အမူအကျင့်များကို ရှုတ်ချရန် အမျိုးသမီးထုချီတက်ပွဲနေ့ကို ကမ္ဘာ့အနှံ့ ဆန္ဒပြပွဲများ ၆၀၀ ကျော်ထက်မနည်း ပေါ်ပေါက်လာဖွယ်ရှိကြောင်း စီစဉ်သူများက ပြောသည်။

ဝါရှင်တန်မြို့တော်တွင် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာဆိုသည့် ဇန်နဝါရီ ၂၀ ရက်နေ့က ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြမှုများသည် ဆူပူမှုအသွင်ကူးပြောင်းခဲ့၍ လူ ၂၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးထားခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly