အီတလီတွင် ဘတ်စ်ကားတစ်စီး လမ်းဘေးတာဝါတိုင်ကို ၀င်တိုက်ကာ မီးလောင်ခဲ့၍ ခုနစ်ဦးထက်မနည်းသေဆုံး

အီတလီတွင် ဘတ်စ်ကားတစ်စီး လမ်းဘေးတာဝါတိုင်ကို ၀င်တိုက်ကာ မီးလောင်ခဲ့၍ ခုနစ်ဦးထက်မနည်းသေဆုံး

ဇန်နဝါရီ ၂၁ ။               ။ အီတလီ နိုင်ငံ မြောက်ပိုင်းတွင် ဇန်နဝါရီလ ၂၀ ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး လမ်းဘေးတာဝါတိုင်တစ်ခုကို ဝင်တိုက်ကာ မီးလောင်မှုဖြစ်ပွား၍ အနည်းဆုံး ခုနစ်ဦး သေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဘတ်စ်ကားမှာ ကလေးငယ်များကို တင်ဆောင်လာသောကားတစ်စီးဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဗီရိုနာမြို့ရှိ ကားလမ်းမတစ်ခုတွင် ယခုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသွားသူ ဒါဇင်ပေါင်းများစွာ ရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ အားချင်းပို့ဆောင်လိုက်ရပြီဖြစ်သည်။

အဆိုပါဘတ်စ်ကားမှာ လမ်းဘေးတာဝါတိုင်တစ်ခုကို ဝင်ဆောင့်မိပြီး မီးလောင်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြနေကြသည်။

ဘတ်စ်ကားမောင်းသူမှာ ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်သည်ဟု သိရပြီး ၎င်းသည်လည်း ယင်းဖြစ်စဉ်ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အီတလီသတင်းအေဂျင်စီတစ်ခုဖြစ်သည့် Agi တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly