ထိရှလွယ်သော ရခိုင်အရေးပြဿနာမျိုးအား နိုင်ငံရေးရည်မှန်းချက်သုံးခြင်းမှာ စိုးရိမ်စရာဖြစ်ဟု ထုတ်ပြန်

ထိရှလွယ်သော ရခိုင်အရေးပြဿနာမျိုးအား နိုင်ငံရေးရည်မှန်းချက်သုံးခြင်းမှာ စိုးရိမ်စရာဖြစ်ဟု ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။           ။ ထိရှလွယ်သည့် ပြဿနာမျိုးအား နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချနေခြင်းမှာ စိုးရိမ်စရာဖြစ်သည်ဟု OIC အထူးအစည်းအဝေးနှင့် ပတ်သက်ပြီး   နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

မလေးရှားနိုင်ငံမှ ရခိုင်ပြည်နယ်ပြဿနာအားဆွေးနွေးရန် အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံပါဝင်သော OIC အထူးအစည်းအဝေးတစ်ရပ် ဇန်နဝါရီလ ၁၉ ရက်တွင် ခေါ်ယူခဲ့ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ OIC (Organization of Islamic Cooperation) အထူးအစည်းအဝေးတွင် ရြခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအား ဖိအားပေးသွားမည်ဟု ပြောဆိုထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ မလေးရှားနိုင်ငံ၏ လုပ်ဆောင်ချက်သည် ယင်းပြဿနာအား ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုများအား လျစ်လျူရှုထားရာရောက်သည်ဟု ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ အရေးကိစ္စဟု သုံးနှုန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်ရေးအတွက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြဿနာများဖြေရှင်းရန် မစ္စတာကိုဖီအာနန်ခေါင်းဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်ရှင်၊ အကြမ်းဖက်မှုများအတွက် ဒုသမ္မတဦးဆောင်သောကော်မရှင်များကို ဖွဲ့စည်းဆောင်ရွက်နေသည်ဟု ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly