ဆီးရီးယားနိုင်ငံ ပယ်လ်မိုင်ရာမြို့မှ ရှေးဟောင်းအမွေအနှစ်များကို IS တို့ ဖြိုချဖျက်ဆီး

ဆီးရီးယားနိုင်ငံ ပယ်လ်မိုင်ရာမြို့မှ ရှေးဟောင်းအမွေအနှစ်များကို IS တို့ ဖြိုချဖျက်ဆီး

ဇန်နဝါရီ ၂၀ ။                ။ ဂျီဟတ်အစွန်းရောက်ဝါဒီသမားများဖြစ်သည့် အစ္စလာမ်မစ်အဖွဲ့ IS တို့ဟာ ရှေးဟောင်းဆီးရီးယားမြို့တော်မှ အမြတ်တနိုးထားသည့်   ရှေးဟောင်းအမွေအနှစ် အဆောက်အအုံနှစ်ခုကျော်ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း ယနေ့ သောကြာနေ့၌ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းသူအကြီးအကဲမှ ပြောခဲ့သည်။

“ဒေသတွင်းသတင်းအရစ်အမြစ်တွေမှတဆင့် လွန်ခဲ့သောဆယ်ရက်ခန့်က IS တို့ဟာ ရှေးဟောင်းမြို့တော်မှ တိုင်ကြီးလေးတိုင်ဖြင့် တည်ဆောက်ထားသော အဆောက်အအုံကြီးကို ဖြိုချက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်” ဟု အေအက်ဖ်ပီသတင်းဌာနအား မာမွန်အက်ဘ်ဒူကာရင်က ပြောခဲ့သည်။

“မနေ့ကကြာသာပတေးနေ့မှာ ဘော်စတွန်တက္ကသိုလ်မှကျနော်တို့ရဲ့လက်ဖော်ကိုင်ဖက်တွေက ဂြိုလ်တုသတင်း ဓာတ်ပုံတွေကိုပေးပို့ခဲ့ပြီး ထိုထဲမှာရောမခေတ်က အမိုးမဲ့ကြည့်စင်ဝိုင်း အဆောက်အအုံမျက်နှာစာကိုပါ ဖျက်ဆီး ခံထားရကြောင်း တွေ့ခဲ့ရပါတယ်”လို့ သူက ဆက်ပြောခဲ့သည်။

ပြီးခဲ့သောနှစ်မတ်လတုန်းက ရုရှားမှထောက်ပံ့ပေးသောထိုးစစ်ဆင်မှုများရောက်ရှိမလာခင်မှာ IS တို့ဟာ ယူနက်စကိုမှ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသည့်   ရှေးဟောင်းမြို့ထဲမှာ ရှိသော အမြတ်တနိုးထားသည့် ဘုရားကျောင်းများ ၊မျှော်စင်များနှင့်ဂူသင်္ချိုင်းများကို ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly