မူးယစ်ဆေးဝါးများနှင့်အတူ အိမ်သုံးဆေးများ ဖမ်းမိသဖြင့် ထပ်မံအရေးယူ

မူးယစ်ဆေးဝါးများနှင့်အတူ အိမ်သုံးဆေးများ ဖမ်းမိသဖြင့် ထပ်မံအရေးယူ
ဓာတ်ပုံ- မင်းမင်းစိုး

မုံရွာ၊ ဇန်နဝါရီ ၂၀။               ။ ဇန်နဝါရီ ၁၉ ရက်နံနက်စောပိုင်းက ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် အတူ အိမ်သုံးဆေးများဖမ်းမိခဲ့သဖြင့် ထပ်မံအရေးယူထားကြောင်း မုံရွာမြို့မ ရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါး ၂၃ သိန်းကျော်ဖိုး ဖမ်းမိခဲ့သော ခရီးသည်တင် Express ယာဉ်ပေါ်မှ တရားမဝင် အိမ်သုံးဆေးဝါး မျိုးစုံကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး  ခရီးသည်တင်ယာဉ်၏ ဝမ်းဗိုက်အတွင်းမှ တရားမဝင် အိန္ဒိယနိုင်ငံထုတ်အိမ်သုံးဆေးဝါးမျိုးစုံ (၇၉၀၅၉၈)ဗူးအား  ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"မူးယစ်ဆေးသယ်ဆောင်လာတဲ့ကားရဲ့ ဝမ်းဗိုက်ထဲမှာ အိန္ဒိယနိုင်ငံထုတ် အိမ်သုံးဆေးဝါးမျိုးစုံကို ဖမ်းမိခဲ့ပါတယ်။ အမျိုးသားဆေးဝါးဥပဒေနဲ့အရေးယူထားပါတယ်" ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောသည်။

ယင်းဖမ်းဆီးရမှုအား မုံရွာမြို့မရဲစခန်း (ပ)၈၁/၂၀၁၇၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရထပ်မံအမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက် ည ၁၂ နာရီကျော်ချိန် (ဇန်နဝါရီ ၁၉) ရက်က မုံရွာမြို့၊ ချင်းတွင်းတံတားတွင် တမူး မုံရွာ ရန်ကုန် ခရီးသည်တင် Express ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး ၂၃ သိန်းကျော်ဖိုးအား ဖမ်းဆီးရမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly