၂၀၁၈-၁၉ ရာသီတွင် စီရော်နယ်ဒိုကို ရီးယဲလ်အသင်းရောင်းချမည်ဟု သတင်းထွက်

၂၀၁၈-၁၉ ရာသီတွင် စီရော်နယ်ဒိုကို ရီးယဲလ်အသင်းရောင်းချမည်ဟု သတင်းထွက်

ဇန်နဝါရီ ၂၀၊ မက်ဒရစ်။          ။ စီရော်နယ်ဒိုသည် လက်ရှိစာချုပ်သက်တမ်းကုန်သည်အထိ ရီးယဲလ်မက်ဒရစ်အသင်းတွင်ဆက်နေရမည်မဟုတ်ဘဲ ၂၀၁၈-၁၉ ရာသီတွင် အသင်းဥက္ကဋ္ဌပီရက်ဇ်က ရောင်းချချင်နေကြောင်း စပိန်သတင်းစာ ဒွန်ဘာလွန်က ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ကစားသမားသည် ၎င်း၏အသက် ၃၆ နှစ်အရွယ်၊ ၂၀၂၁ ခုနှစ်ထိ ဘာနေဗျူးတွင်ဆက်ရှိနိုင်သည့် ငါးနှစ်စာချုပ်ကို ပြီးခဲ့သည့်နိုဝင်ဘာကမှ ချုပ်ဆိုထားသည်။

ရီးယဲလ်သည် စီရော်နယ်ဒိုကိုလွန်ခဲ့သည့်နှစ်နှစ်ခန့်ကတည်းက အသင်းပြောင်းခွင့်ပြုပေးချင်သော်လည်း ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဖလားရရှိခြင်းက စီရော်နယ်ဒိုကိုအသင်းတွင်ဆက်ထားပြီးစာချုပ်သစ်ချုပ်ရန် ဖိအားတစ်ရပ်ဖြစ်ခဲ့ရသည်။

သို့သော်လည်း ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်သည် စီရော်နယ်ဒိုကို စာချုပ်ပြည့်သည်အထိအသင်း တွင်ဆက်ထားရန် ဆန္ဒမရှိကြောင်း ဒွန်ဘာလွန်က ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်မေဂျာလိဂ်တွင်ကစားသမားဘဝအဆုံးသတ်လိုသော စီရော်နယ်ဒိုကို စာချုပ်သက်တမ်းပြည့်ကာနီးတွင် တရုတ်သို့ ငွေကြေးအမြောက်အမြားဖြင့် ပီရက်ဇ်က ရောင်းချချင်နေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly